Transparency Myanmar

transparency.myanmar@gmail.com

Indo-burma News, By Press Trust of India, 1st October 2010

အမျိုးသား လုံခြုံရေး အကြံပေး ပညာရှင် Shivshankar Menon က အိန္ဒိယ၏ အိမ်နီးချင်း နိုင်ငံအပေါ် ဆက်ဆံရေးကို ကာကွယ်ပြောဆိုရာတွင် နိုင်ဝင်ဘာလတွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အတွက် အရေးကြီးသော ခြေလှမ်း ဖြစ်လိမ့်မည် ဟု ဆိုသည်။

"မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲဟာ ခြေလှမ်းတစ်ခု ဖြစ်နိုင်ပြီး သူတို့ရဲ့ အသွင် ကူးပြောင်းရေးမှာ အရေးကြီးတဲ့ ခြေလှမ်း တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မှန်မှန်ကန်ကန် ဖြစ်ပေါ်လာနိုင်ဖို့တော့ မြန်မာတွေနဲ့အတူ ကျွန်တော်တို့ ဝိုင်းဝန်း လုပ်ဆောင် ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ဝါရှင်တန် အခြေစိုက် Think-tank ဖြစ်သော Carnegie Endowment for International Peace ၏ မေးမြန်းချက်ကို Menon က ပြန်လည် ဖြေကြားခဲ့သည်။

အိန္ဒိယ အရှေ့မြောက်ရှိ မြန်မာနယ်စပ်မှ သူပုန်များ ကိစ္စကို ညွှန်းဆိုရာတွင် နယ်စပ်ဒေသ လုံခြုံရေးအတွက် နှစ်နိုင်ငံ စလုံးတွင် တူညီသော အကျိုးစီးပွားများ ရှိကြောင်း Menon က ပြောသည်။ အိန္ဒိယသည် ဒီမိုကရေစီကို ဖိနှိပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲခံနေရသော မြန်မာနိုင်ငံနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အတူ လုပ်ကိုင်ရန် ကြိုးစားလျက် ရှိနေသည်ဟု ၎င်းက ဖြည့်စွက် ပြောသည်။

"ဒီမိုကရေစီကို ပြန်လည် တည်ဆောက်ဖို့၊ နိုင်ငံတကာ ပင်မ ရေစီးထဲကို ပြန်ဝင်ဖို့အတွက် ကြိုးပမ်းနေတယ်လို့ ပြောတဲ့ မြန်မာ အစိုးရနဲ့ တွေ့ဆုံဖို့နဲ့ တိုက်တွန်း အားပေးဖို့အတွက် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်" ဟု Menon က ပြောကြားသည်။ အိန္ဒိယနိုင်ငံသည် လွန်ခဲ့သော ၂ နှစ်အတွင်း မြန်မာ နိုင်ငံ၏ အဓိက မဟာမိတ် နိုင်ငံတစ်ခု အဖြစ် ပေါ်ထွက်လာခဲ့သည်။

လွန်ခဲ့သော ဇူလိုင်လက အိန္ဒိယသို့ နိုင်ငံတော် ခရီးစဉ်အဖြစ် ရောက်ရှိလာသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အိန္ဒိယ အစိုးရက ကော်ဇောနီ ခင်း၍ ခရီးဦး ကြိုဆိုခဲ့ကြသည်။ ယခုအခါ မြန်မာ စစ်ဖက် အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို အိုဘားမား အစိုးရက ထောက်ခံ အားပေးလျက် ရှိသည်ဟု တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment