Transparency Myanmar

transparency.myanmar@gmail.com

ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း တစ်ခု ဖြစ်သော Myanmar Airway International (MAI) က ယခု အောက်တိုဘာ လကုန်မှ စ၍ ဘန်ကောက်နှင့် စင်ကာပူ အကြား နေ့စဉ် လေကြောင်း ခရီးစဉ် ပြေးဆွဲတော့မည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းက သတင်း ထုတ်ပြန်သည်။ အဆိုပါ အစီအစဉ်သည် MAI ၏ စင်ကာပူ-ဘန်ကောက် အကြား ပြေးဆွဲမည့် ခရီးစဉ်သစ် တစ်ခု ဖြစ်ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့မှ စ၍ မတ်လ ၂၆ ရက်နေ့အထိ အဲယားဘတ်စ် အမျိုးအစား လေယာဉ်များဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ လက်မှတ်များကို Authorized Agent များ မှတစ်ဆင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

MAI သည် ရန်ကုန်မှ ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူ နှင့် ဂယာ (အိန္ဒိယ) သို့ လေကြောင်း ခရီးစဉ်များ ပြေးဆွဲ ပျံသန်းလျက် ရှိပြီး လာမည့် နိုဝင်ဘာလ ကုန်တွင်လည်း တရုတ်နိုင်ငံ ကွမ်ကျိုးသို့ လေကြောင်း ခရီးစဉ်သစ် စတင် ပြေးဆွဲရန် စီစဉ်ထားသည်။ ဤအတော အတွင်းမှာပင် ဗီယက်နမ် လေကြောင်းလိုင်း (VA) က နိုဝင်ဘာလ ၁၅ ရက်နေ့မှ စ၍ ဟိုချီမင်းနှင့် ရန်ကုန် တိုက်ရိုက် လေကြောင်း ခရီးစဉ် ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။ VA သည် ဟနွိုင်းနှင့် ရန်ကုန် လေကြောင်းလိုင်း ပြေးဆွဲလျက် ရှိပြီး ဗီယက်နမ်နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်ရန် အလို့ငှာ ယင်းသို့ ထပ်တိုး ပြေးဆွဲရန် စီစဉ်ခြင်း ဖြစ်သည်။

ပြည်တွင်း လေကြောင်းလိုင်း တစ်ခုဖြစ်သော နိုင်ငံပိုင် မြန်မာ့လေကြောင်း (MA) သည်လည်း ယခုအခါ တရုတ်နိုင်ငံမှ အဲယားဘတ်စ် အမျိုးအစား ခရီးသည်တင် လေယာဉ် သုံးစင်း ဝယ်ယူရန် စီစဉ်လျက် ရှိသည်။ လက်ရှိ ပြေးဆွဲနေသော F 32 ဖော်ကာ အမျိုးအစား လေယာဉ်များ နေရာတွင် အစားထိုးရန် ဝယ်ယူခြင်း ဖြစ်ကြောင်း လေကြောင်း အာဏာပိုင်များနှင့် နီးစပ်သော သတင်း ရင်းမြစ်များက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော နိုင်ငံခြား လေကြောင်းလိုင်း ၁၃ ခု ရှိသည်။ ယင်းတို့မှာ Air China၊ China Southern Airline၊ Thai Airways International၊ Indian Airlines၊ Qatar Airways၊ Silk Air၊ Malaysian Airlines၊ Bangkok Airways၊ Mandarin၊ Jetstar Asia၊ Phuket Airline၊ Thai Air Asia နှင့် Vietnam Airlines တို့ ဖြစ်သည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment