Transparency Myanmar

transparency.myanmar@gmail.com

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ နယ်နိမိတ် အငြင်းပွားမှု ဖြေရှင်းမည့် ပူးတွဲ နည်းပညာ ဆိုင်ရာ ကော်မတီအတွက် မြန်မာ နိုင်ငံဘက်မှ ကိုယ်စားလှယ် တစ်ဦး ခန့်အပ်မည့် ကိစ္စကို မြန်မာ စစ်အစိုးရက မသိကျိုးနွံ ပြုလျက် ရှိကြောင်း သိရသည်။ အဆိုပါ နယ်စပ်ဒေသ ပြဿနာကြောင့် ထိုင်းနိုင်ငံအတွက် ကုန်သွယ်ရေးတွင် ဒေါ်လာ သန်းနှင့်ချီ၍ ဆုံးရှုံးလျက် ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့က အဆိုပါ ကော်မတီ ပူးတွဲ တည်ထောင်ရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရတို့ သဘောတူ ခဲ့ကြသည့်တိုင် ယနေ့အထိ ထူးခြားမှု မရှိသေးကြောင်း ထိုင်းနိုင်ငံ ဘက်မှ ထိုင်း-မြန်မာ နယ်စပ်ဒေသ ဆိုင်ရာ ပူးတွဲကော်မတီ အကြီးအကဲ Vasin Teeravechyan က ပြောကြားသည်။ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အကြား ဖြစ်ပေါ်နေသော နယ်စပ်ဒေသ အရေးကိစ္စကို နိုင်ငံရေး ဇာတ်မသွင်းရန် ၎င်းက ယခု ရက်သတ္တပတ် အတွင်း တိုက်တွန်း ပြောဆိုလိုက်သည်။

နှစ်နိုင်ငံ ကုန်သွယ်ရေး အတွက် အဓိက အချက်အခြာ ကျသော မဲဆောက်-မြဝတီ ဝင်ပေါက် လမ်းကြောင်းကို လအတန်ကြာ ပိတ်ပင်ထားခဲ့မှုကြောင့် ထိုင်းစီးပွားရေး လုပ်ငန်းများ အနေဖြင့် အမေရိကန် ဒေါ်လာသန်း ၁၀၀ ခန့် ဆုံးရှုံးခဲ့ရပြီး မြန်မာ နိုင်ငံတွင်လည်း ကုန်ပစ္စည်း ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ သောင်းရင်းမြစ် ကမ်းပါး (ထိုင်းနိုင်ငံ ဘက်အခြမ်း) တွင် ထိုင်းအစိုးရက တမံ တည်ဆောက်ခဲ့မှု အပေါ် မြန်မာအစိုးရက မကျေနပ်၍ ယင်းသို့ နယ်စပ် ဝင်ပေါက် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု ယူဆရသည်။ ယခုကဲ့သို့ ထိုင်းဘက်က တမံ တည်ဆောက် လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ ဘက်တွင် နယ်နမိတ် သတ်မှတ်မှုများ ပျက်ပြားသွားရသည်ဟု မြန်မာ အစိုးရက ဆိုသည်။

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံသည် ကီလိုမီတာ ၂၄၀၁ ရှည်လျားသော နယ်စပ်ဒေသကို မျှဝေ ပိုင်ဆိုင်ထားသည်။ Vasin Teeravechyan ၏ အဆိုအရ လာမည့် အောက်တိုဘာလ ၁၁ ရက်တွင် မြန်မာ နိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် အဖိဆစ်ဝိချာချီဝ လာရောက် လည်ပတ်ရာတွင် နယ်စပ်ဒေသ ပိတ်ပင်သည့် ကိစ္စကို အဓိက ဦးတည် ဆွေးနွေးဖွယ် ရှိသည်။ ထိုင်းဝန်ကြီးချုပ်သည် ယခင်က မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် နှစ်ကြိမ်တိတိ စီစဉ်ခဲ့သော်လည်း ပျက်ပြားခဲ့ရသည်။

Irrawaddy သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment