Transparency Myanmar

transparency.myanmar@gmail.com

(Associated Press မှ 24 February 2011 ရက်စွဲပါ "US talks to Suu Kyi About Aid" ကို ဘာသာ ပြန်ဆိုသည်)

ဝါရှင်တန် အနေဖြင့် စစ်ဖက်က အုပ်စိုးသော မြန်မာ နိုင်ငံ အပေါ် မည်သို့သော ကူညီ ထောက်ပံ့မှု အမျိုးအစားကို ကမ်းလှမ်း ရမည် ဆိုသည်နှင့် ပတ်သက်၍ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှု စတင်နေသည်ဟု မြန်မာ နိုင်ငံမှ အမေရိကန် သံအရာရှိက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

မြန်မာ နိုင်ငံမှ တပ်မတော် အစိုးရ၏ လူ့ အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများနှင့် ဒီမိုကရေစီ စနစ် သွတ်သွင်းရန် ပျက်ကွက်မှု တို့ကြောင့် ဝါရှင်တန်က ကာလရှည်ကြာ ချမှတ် ထားခဲ့သော ဒဏ်ခတ် အရေး ယူမှု Sanctions များအပေါ် တည်မှီ ရစ်ပတ် နေသော အထက်ပါ ကိစ္စနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုသည် မြန်မာ အစိုးရ နှင့်လည်းကောင်း၊ အခြားသူများ နှင့် လည်းကောင်း ဆွေးနွေးလျက် ရှိသည်ဟု အမေရိကန် သံမှူး Larry M. Dinger က ပြောကြား ခဲ့သည်။

စစ်အုပ်ချုပ်ရေး သက်တမ်းလွန် နေသော မြန်မာ နိုင်ငံတွင် ပါလီမန် အုပ်ချုပ်ရေး စနစ်ကို ယခင်လက စ၍ အမည်ခံ အကောင် အထည်ဖော် ဆောင်ရွက် ခဲ့သော်လည်း အရပ်ဖက် အစိုးရသစ် တရားဝင် ဖွဲ့စည်းမှုကို ယခုတိုင် အပြီး မသတ်နိုင်သေးပါ။ လွန်ခဲ့သော သုံးနှစ်က ရေးဆွဲသည့် အခြေခံ ဥပဒေနှင့် မနှစ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများသည် ဩဇာ အာဏာကို ဆက်လက် ထိန်းသိမ်း လိုသော တပ်မတော်၏ လမ်းညွှန်မှု အောက်တွင် လုပ်ဆောင် ခဲ့ခြင်းသာ ဖြစ်သည်။ သံမှူး Larry M. Dinger က ယင်းအနေဖြင့် မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် မူဝါဒကို အထောက် အကူ ပြုစေရန် ရည်ရွယ်၍ ဒေါ်အောင်ဆန်း စုကြည်နှင့် အင်္ဂါနေ့မှ စတင်ကာ ဆွေးနွေး ခဲ့သည်ဟု ဆိုသည်။

၁၉၈၈ ခုနှစ်တွင် မြန်မာ့ တပ်မတော်က မြန်မာ ပြည်သူများ၏ ဒီမိုကရေစီ ထောက်ခံ ဆန္ဒ ပြပွဲများကို အကြမ်းဖက် နှိပ်ကွပ် ခဲ့ပြီး နောက်ပိုင်း ဝါရှင်တန်နှင့် မြန်မာ နိုင်ငံ တို့၏ ဆက်ဆံရေး တင်းမာ စိမ်းကား သွားခဲ့ခြင်း ဖြစ်ပြီး တပ်မတော် အစိုးရက Myanmar ဟု အမည် ပြောင်းခဲ့သည့် တိုင်အောင် အမည်ဟောင်း Burma ကိုသာ အမေရိကန် ပြည်ထောင်စုက ဆက်လက် သုံးစွဲ ရည်ညွှန်းလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment