Transparency Myanmar

transparency.myanmar@gmail.com

(PTI သတင်းမှ 20 February 2011 ရက်စွဲပါ "Fertilizer for North East Reaches Bangladesh and Myanmar" ကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယ အရှေ့မြောက် ဒေသသို့ ကူညီ ထောက်ပံ့ ပေးပို့ လိုက်သော ဓာတ်မြေဩဇာ တန်ချိန် ၃ သိန်းကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နိုင်ငံများသို့ လမ်းလွဲ ရောက်ရှိ သွားခဲ့သည်ဟု အစိုးရ ထိပ်ပိုင်း တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြား လိုက်သည်။

ဗဟို ထောက်လှမ်းရေး အဖွဲ့၏ အစီရင်ခံစာကို ကိုးကားကာ ဓာတ်မြေဩဇာ ဝန်ကြီးဌာန ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဒီးပတ်ကူးမားက အရှေ့မြောက် ဒေသ ၈ ပြည်နယ်မှ ပြည်နယ် အစိုးရ တာဝန်ရှိသူ များနှင့် ပြုလုပ်သော အစည်း အဝေးတွင် ဒီးပတ်ကူးမားက ပြည်နယ် အစိုးရများအား နယ်စပ် ဖြတ်ကျော် ဓာတ်မြေဩဇာ တရား မဝင် ခိုးထုတ်မှုကို စစ်ဆေးရန် တောင်းဆိုထားသည်။

ယမန်နေ့က ပြုလုပ်သော အစည်း အဝေးတွင် ဒီးပတ် ကူးမားက ထောက်ပံ့ ဓာတ်မြေဩဇာ ဖြန့်ဖြူးမှုနှင့် ပတ်သက်၍ မိမိတို့ ဝန်ကြီးဌာနက အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်နယ် အစိုးရများကို အာမခံ ပြောကြား ခဲ့ပြီး ယခုကဲ့သို့ တရားမဝင် ကိစ္စများကို စစ်ဆေးရေး အတွက် စောင့်ကြပ်ရေး ကော်မတီများ ဖွဲ့စည်းရန် ၎င်းတို့အား တောင်းဆိုခဲ့သည်။

ကူးမားက ဆက်လက်၍ ပြီးခဲ့သော နှစ်အနည်းငယ် အတွင်း ထုတ်လုပ်မှု တိုးတက် လာခဲ့သည့် အရှေ့မြောက် ဒေသ စိုက်ပျိုးရေး ကဏ္ဍရပ်များ အပေါ် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာနက ကျေနပ် အားရလျက် ရှိသည် ဟုလည်း ထုတ်ဖော် ပြောကြား ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment