Transparency Myanmar

transparency.myanmar@gmail.com

(Associated Press မှ 9 February 2011 ရက်စွဲပါ "Oil Rises Above $ 87 After US Crude Supply Drop" ကို ဘာသာ ပြန်ဆိုသည်)

ယခင် အပတ်က အမေရိကန် ပြည်ထောင်စု၏ ရေနံစိမ်း ရောင်းချမှု မမျှော်လင့်ဘဲ ကျဆင်း သွားကြောင်း ဖော်ပြထားသည့် သတင်း ထွက်ပေါ် လာပြီးနောက် အာရှ တိုက်တွင် ဗုဒ္ဓဟူးနေ့က ရေနံဈေးနှုန်း တစ်စည်လျှင် ၈၇ ဒေါ်လာ အထက်သို့ တက်သွားခြင်းသည် ဝယ်လိုအား တက်လာသည်ကို ပြသနေသည်။

စင်ကာပူ စံတော်ချိန် ညနေပိုင်းတွင် နယူးယောက် ကုန်စည်ဒိုင် အီးထရိတ်ဒင်း၌ ဖော်ပြသည့် မတ်လ အတွက် ရေနံစိမ်း ဈေးနှုန်းမှာ ၄၇ ဆင့် တက်ကာ တစ်စည်လျှင် ၈၇.၉၄ ဒေါ်လာသို့ ရောက်ရှိ သွား၍ အင်္ဂါနေ့က ၈၆.၉၄ ဒေါ်လာဖြင့် ချုပ်ဆိုသော ကန်ထရိုက် စာချုပ်မှာ တစ်စည်လျှင် ၅၄ ဆင့် ဆုံးရှုံး သွားသည်။

လန်ဒန်တွင်မူ ICE Futures Exchange ၌ ရေနံ တစ်စည်လျှင် ၄၂ ဆင့် တက်ကာ ၁၀၀.၉၄ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။

ယခင်တစ်ပတ်က ရေနံစိမ်း ထုတ်လုပ်မှု စည်ပေါင်း ၅၅၈၀၀၀ သို့ ကျဆင်း သွားသည်ဟု The American Petroleum Institute (API) က အင်္ဂါနေ့ ညနေတွင် ပြောကြား ခဲ့စဉ် Mc Graw Hill Cos ၏ စွမ်းအင် သတင်း အဖွဲ့ Platts မှ ပညာရှင်များက စည်ပေါင်း ၂.၄ သန်းသို့ မြင့်တက် နိုင်သည်ဟု ခန့်မှန်း ထားခဲ့သည်။ ဓာတ်ဆီ ထုတ်လုပ်မှု စည်ပေါင်း ၃.၂ သန်းသို့ မြင့်တက်လာမည် ဆိုသော်လည်း ချက်လုပ်မှု စည်ပေါင်း ၅၃၈၀၀၀ သို့ ကျဆင်း သွားသည်ဟု API က ဆိုသည်။

စွမ်းအင် ဌာန၏ စွမ်းအင် သတင်း အချက် အလက် အစီရင်ခံစာက ၎င်း၏ အပတ်စဉ် အချက် အလက်ကို ဗုဒ္ဓဟူးနေ့ ညနေက ထုတ်ပြန်ခဲ့သည်။

"API ရဲ့ အစီရင် ခံစာကတော့ အားတက်စရာပါပဲ" ဟု စွမ်းအင် အတိုင်ပင်ခံ The Schork Report က ဆိုသည်။ "API က အခုတလော ထုတ်တဲ့ အစီရင်ခံစာတွေ ထဲမှာတော့ လေသံ အမြင့်ဆုံးပဲလို့ အားလုံးက ပြောနေကြပါတယ်" ဟု ၎င်းတို့က ဆိုသည်။

Nymex Trading ၏ ဖေဖော်ဝါရီ ကန်ထရိုက် စာချုပ်များတွင်လည်း ရေနံစိမ်း တစ်ဂါလံလျှင် ၂.၇၄ ဒေါ်လာသို့ ၀.၅ ဆင့် တက်သွားကာ ဓာတ်ဆီ တစ်ဂါလံလျှင် ၂.၅ ဒေါ်လာသို့ ၁.၀ ဆင့် တက်သွားခဲ့သည်။ မတ်လအတွက် ရောင်းချမည့် သဘာဝ ဓာတ်ငွေ့မှာမူ ၁၀၀၀ ကုဗပေလျှင် ၀.၅ ဆင့် တက်ကာ ၄.၀၅ ဒေါ်လာသို့ ရောက်ရှိသွားသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment