Transparency Myanmar

transparency.myanmar@gmail.com

(The Economist မှ 8 February 2011 ရက်စွဲပါ "An Age for Sanctions" ကို ဘာသာ ပြန်ဆိုသည်)

နိုဝင်ဘာ ရွေးကောက်ပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည် လွှတ်ပေး ပြီးစဉ်ကပင် မြန်မာ နိုင်ငံ အပေါ် စောင့်ကြည့် နေသူများက သူမနှင့် သူမ၏ ပါတီသည် ကိုင်တွယ်ရ ခက်ခဲသည့် Sanction များနှင့် ပတ်သက်၍ မည်သို့ လုပ်ဆောင်မည်ကို စိတ်ဝင်စားစွာ အသက်မရှူဘဲ စောင့်ကြည့် နေဆဲ ဖြစ်ပြီး နောက်ဆုံး တွင်မူ ကျွန်ုပ်တို့ အတွက် အဖြေ တစ်ခု ရရှိ ခဲ့ပြီ ဖြစ်သည်။

မြန်မာ နိုင်ငံနှင့် စစ်အစိုးရ အပေါ် အနောက် နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများကို နှစ်ပေါင်း အတန်ကြာ ထိန်းသိမ်း ထားခြင်းသည် လူ့အခွင့် အရေး လှုပ်ရှားသူများ နှင့် အတိုက် အခံ အုပ်စု များအား လူသိ ရှင်ကြား ထောက်ခံခြင်း တစ်မျိုးပင် ဖြစ်သည်။ မကြာသေးမီက မြန်မာ့ လူ့အဖွဲ့ အစည်း အတွင်းမှ Sanction မူဝါဒများအား ပြန်လည် သုံးသပ်ရန် တောင်းဆိုမှုများ ရှိလာသည်။ မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပခြင်း၊ နှစ်ပေါင်း နှစ်ဆယ် အတွင်း ပါလီမန် ကျင်းပခြင်း၊ ဒေါ်အောင်ဆန်း စုကြည်အား လွှတ်ပေးမှု များနှင့် ပတ်သက်၍ ပို၍ လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီများ တိုးတက် တွေ့မြင် လာရခြင်းကြောင့် သုံးသပ်ရန် တောင်းဆိုသည်ဟု ဆိုသည်။ ဖိအား ပေးမှုများလည်း ပိုမို တိုးတက် လာပြီး အာဆီယံ ကလည်း Sanction များ ရုတ်သိမ်း ပေးရန် မကြာ ခဏ တောင်းဆို ခဲ့သည်။ မြန်မာ တိုင်းရင်းသား အတိုက် အခံ ပါတီ ငါးခု ကလည်း မကြာသေးမီက ထိုနည်း အတိုင်း Sanction ရုတ်သိမ်း ပေးရန် တောင်းဆို ခဲ့သည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဆွေးနွေးမှုများ၊ အကြံဉာဏ် ယူမှုများ ပြုလုပ်ပြီးနောက် ၎င်းတို့သည် Sanction များ ဆက်ရှိ သင့်သည်ဟု ဆုံးဖြတ်၍ အစီရင် ခံစာ ထုတ်ပြန် ခဲ့သည်။ NLD အနေဖြင့် ၎င်း၏ ရပ်တည်ချက်ကို ထင်ဟပ်နိုင်ရန် ပါတီတွင်း  အသက်ပါသော အခြေအတင် ပြောဆို ဆွေးနွေးမှုများ ပြုလုပ်၍ အချိန် ယူခဲ့သည်။ မည်သို့ပင် ဆိုစေ NLD သည် အခြား သူများက တိုးတက်မှုများ ရှိသည်ဟု ဆိုခဲ့သော တိုးတက်မှု များသည် အတု အယောင် များသာ ဖြစ်ကြောင်း ပြတ်ပြတ် သားသား ပြဆိုခဲ့ပြီး ၎င်းတို့က စစ်အစိုးရ၏ အနည်းငယ်မျှသော လုပ်ဆောင်မှု အတွက် ဆုလာဘ် မပေးသင့် သေးကြောင်း ဆိုခဲ့သည်။

အရေးယူ ပိတ်ဆို့မှု များသည် စစ်ဖက် အစိုးရကို ပြစ်ဒဏ် ခတ်နိုင်ခြင်း မရှိဘဲ NLD က ကိုယ်စား ပြုသည်ဟု ကြွေးကြော်နေသော သာမန် မြန်မာ ပြည်သူများကိုသာ ဆင်းရဲတွင်း နက်စေသည် ဟူသော အချက်ကို NLD က စာနာမှု မဲ့စွာ ငြင်းဆို ခဲ့သည်။ "ကျယ်ကျယ် ပြန့်ပြန့် လေ့လာ သုတေသန ပြုပြီးတဲ့နောက် ကျွန်တော်တို့ ပါတီက တွေ့ရှိတဲ့ အချက်ကတော့ အရေးယူ ပိတ်ဆို့မှုတွေဟာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေး ရောင်းရင်းတွေ ကိုပဲ ထိခိုက်စေတယ် ဆိုတာပါပဲ၊ ပြည်သူ အများစုကို မဟုတ်ပါဘူး" ဟု NLD တာဝန် ရှိသူ ဦးတင်ဦး ပြောကြားသည့် အတိုင်း ကိုးကား ဖော်ပြ ထားသည်။ ထို့အတွက် NLD အစီရင်ခံစာ ထွက်ပေါ် လာခဲ့ပုံလည်း ရသည်။

သို့သော် ၎င်းတို့က လုံးဝ ဥဿုံ တောင်းဆိုခြင်း မဟုတ်ဟု ယူဆရသည်။ အကယ်၍ မြန်မာ့ သဘာဝ သယံ ဇာတများကို အမြတ် ထုတ်ရန် အရှိန် မြှင့်နေသည့် တရုတ်နှင့် ထိုင်းတို့ အပေါ် တန်ပြန် ဖိအား ပေး နိုင်မည် ဆိုလျှင်ပင် ပိတ်ဆို့မှု များကို ပြန်သိမ်းရန် မျှော်လင့် ထားသည့် အနောက် နိုင်ငံများမှ အစိုးရများစွာနှင့် စီးပွားရေး လုပ်ငန်း များစွာကို စိတ် အနှောင့် အယှက် ဖြစ်စေမည် ဆိုသည်ကို NLD က သိရှိ ထားလိမ့်မည် ဖြစ်သည်။ ဆက်စပ် ကြည့်ပါက NLD က ခြေဆန့် လက်ဆန့် လုပ်ရန် နယ်ပယ် တစ်ခု ရှာခဲ့ခြင်းသာ ဖြစ်သည်။ ပါတီ ပြောရေး ဆိုခွင့် ရှိသူ များက ၎င်းတို့ ပါတီသည် Sanctions ရုတ်သိမ်း စေလိုသူ များ၏ စောဒက တက်မှုကို နားထောင်ရန် ဆန္ဒ ရှိနေပြီး ပိုမို ဆွေးနွေး လိုသည်ဟု ဖြေကြားသည်။ ယခု ကိစ္စ၏ နောက်ဆုံး အခြေ အနေကိုမူ မတွေ့မြင် ရသေးပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment