Transparency Myanmar

transparency.myanmar@gmail.com

(ဖေဖော်ဝါရီလ ၉ ရက် ၂၀၁၁ ရက်စွဲပါ The Straits Times မှ "S.Korea agrees to talks with North on reunions" သတင်း ကို ဘာသာ ပြန်ဆိုသည်)

ကိုးရီးယား ကျွန်းဆွယ်မှ ကွဲကွာနေသော မိသားစုများ ပြန်လည် ဆုံစည်းရေးနှင့် အခြား လူသားခြင်း စာနာ ထောက်ထားသော ကိစ္စရပ်များနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို မြောက် ကိုးရီးယားနှင့် ကျင်းပရန် တောင်ကိုးရီးယားက သဘောတူခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

နိုဝင်ဘာ ၂၃ ရက်က တောင်ကိုးရီးယားပိုင်ကျွန်းကို မြောက်ကိုးရီးယားက အမြောက်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် သိသိသာသာ ကြီးထွားခဲ့သည့် နယ်စပ် တင်းမာမှုများ ပြေလျော့ လာခြင်းကို ပြန်လည် ပေါင်းစည်းရေး ၀န်ကြီးဌာန၏ ကြေညာချက်က ညွှန်ပြနေသည်။

အင်္ဂါနေ့က စတင်ခဲ့သော တောင်နှင့်မြောက် ကိုးရီးယား ၂နိုင်ငံအကြား သီးခြား စစ်ဖက် ဆွေးနွေးမှုများ ကိုလည်း ဗုဒ္ဓဟူးနေ့တွင် ဆက်လက် ပြုလုပ်ခဲ့သည်။

ကွဲကွာနေသော မိသားစုများ ပြန်လည်ဆုံစည်းရေး အပါအ၀င် လူသားခြင်း စာနာ ထောက်ထားသော ကိစ္စရပ်များကို ဆွေးနွေးရန် အတွက် ကြက်ခြေနီ ဆွေးနွေးပွဲများ ပြုလုပ်ရန် မြောက်ကိုးရီးယားက ဇန်န၀ါရီ ၁၀ ရက်တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီ ၁ရက်တွင် နောက် တစ်ကြိမ် အဆိုပြု ခဲ့သည်ဟု ဆိုးလ်မှ ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး လီဂျောင်ဂျူးက ပြောကြားသည်။

"လူသားခြင်း စာနာ ထောက်ထားမှုနှင့် သက်ဆိုင်တဲ့ ကိစ္စရပ် တွေဟာ မြောက်ကိုးရီးယား အတွက် အရေးကြီးပြီး တောင်ကိုးရီးယားက လည်း ဆွေးနွေး ဖြေရှင်းပေးမှာ ဖြစ်လို့ ကြက်ခြေနီ ဆွေးနွေးပွဲတွေ ကျင်းပဖို့ ဆိုးလ်က သဘောတူတယ်လို့ ကျွန်မတို့ အကြောင်းပြန်ခဲ့ ပါတယ်" ဟု သူမက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment