Transparency Myanmar

transparency.myanmar@gmail.com

(ဖေဖော်ဝါရီလ ၉ ရက် ၂၀၁၁ ရက်စွဲပါ AFP သတင်းဌာန မှ "Thai PM eves election in first half of 2011" သတင်း ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံတွင် နိုင်ငံရေး အကြမ်းဖက် ဖြစ်ရပ်များ ထပ်မံ ဖြစ်ပွားခြင်း မရှိပါက ယခုနှစ် ပထမ နှစ်ဝက် အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု ၀န်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

"လက်ရှိ အစိုးရက ၂၀၁၁ နှစ်ကုန်တဲ့ အထိ သက်တမ်းပြည့် တာဝန် ယူမှာ မဟုတ်ပေမယ့် တကယ်လို့ ကိစ္စ ၃ ရပ်ကို ဖြေရှင်းနိုင်တယ် ဆိုရင် ရွေးကောက်ပွဲကို ဒီနှစ် ပထမနှစ်ဝက် အတွင်း စီစဉ် ကျင်းပ ပေးမှာပါ" ဟု ဘန်ကောက်တွင် ပြုလုပ်သည့် ရင်းနှီး မြှုပ်နှံသူများ ဖိုရမ်တွင် ၀န်ကြီးချုပ်က ပြောကြား ခဲ့ကြောင်း ယင်း၏ ရုံးမှ ထုတ်ပြန်သည့် ကြေညာချက်အရ သိရှိရသည်။ အဆိုပါ ဖိုရမ်တွင် မီဒီယာများကို ပိတ်ပင် ထားသည်။

အဆိုပါ ကိစ္စ ၃ရပ် အနက် ၂ ခုဖြစ်သည့် အားကောင်း မောင်းသန် စီးပွားရေးနှင့် အခြေခံ ဥပဒေ ပြင်ဆင်မှု တို့မှာ အောင်မြင် ပြီးမြောက်မည့် အသွင် ရှိနေသောကြောင့် နောက်ဆုံး ကျန်သည့် ကိစ္စမှာ ရွေးကောက်ပွဲကို ငြိမ်းချမ်းသည့် အခြေအနေတွင် ကျင်းပရမည့် အချက် ဖြစ်သည်ဟု ယင်းက ပြောကြားခဲ့သည်။ ဗြိတိန်ဖွား၊ အောက်စဖို့ တက္ကသိုလ်ထွက်၊ ဒီမိုကရက် ပါတီ အစိုးရ အကြီးအကဲသည် ရွေးကောက်ပွဲများ အတွက် ယခုနှစ်ကုန် မတိုင်မှီ ပါလီမန်ကို ဖျက်သိမ်းပေးရမည် ဖြစ်သည်။

အကယ် လုံခြုံရေး အနေအထားသာ ကောင်းမွန်ပါက ၂၀၁၁ အစောပိုင်းတွင် ရွေးကောက်ပွဲ များ ကျင်းပ နိုင်ဖွယ် ရှိသည်ဟု ၀န်ကြီးချုပ်က ယခင်ကပင် ဖြေကြားထားခဲ့ပြီး ဖြစ်သည်။

ပြည်ပြေး ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ အပေါ် သစ္စာ စောင့်သိကြသည့် "ရှပ်နီ" တို့၏ လှုပ်ရှားမှုကြောင့် ဧပြီလနှင့် မေလက ကြီးမားသော ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရာ ဆန္ဒပြသူများနှင့် စစ်တပ်အကြား လမ်းပေါ် ပဋိပက္ခများအတွင်း လူ ၉၀ ခန့် သေဆုံးခဲ့ရသည်။

ရွေးကောက်ပွဲများ ချက်ခြင်း ကျင်းပပေးရန် တောင်းဆို လှုပ်ရှားနေသော "ရှပ်နီ" များက လက်ရှိ သီတင်းပတ်များ အတွင်း ဘန်ကောက်မြို့တော် "ငြိမ်းချမ်းစွာ တစ်ရက်တာ ဆန္ဒပြ ချီတက်ပွဲ" များကို အဆက်မပြတ် ဆင်နွှဲခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment