Transparency Myanmar

transparency.myanmar@gmail.com

(ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၁၁ ရက်စွဲပါ AFP သတင်းဌာန မှ "Thai FM to address UN on Cambodia border dispute" သတင်း ကို ဘာသာ ပြန်ဆိုသည်)

ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ကာဆစ် ပီရိုမြသည် ကမ္ဘောဒီးယားနှင့် နယ်စပ် ပြဿနာကို လာမည့် အပတ်တွင် လုံခြုံရေး ကောင်စီ ရှင်းလင်း တင်ပြမည် ဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီး နှင့်လည်း တွေ့ဆုံဖွယ် ရှိသည်ဟု ယင်း၏ အတွင်းရေးမှူးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

"နယ်စပ် ပြဿနာကို ရှင်းလင်းဖို့ ကုလသမဂ္ဂက ဖိတ်ကြား ထားတဲ့ အတွက် နိုင်ငံခြားရေး ၀န်ကြီး တနင်္လာနေ့မှာ နယူးယောက်ကို သွားမှာပါ" ဟု ယင်း၏ အတွင်းရေးမှူး ချာဗန်နွန် အင်ထရာ ကွန်မာရာဆွပ် က ပြောကြားခဲ့သည်။

နယူးယောက်တွင် ၀န်ကြီး ကာဆစ်နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီး ဟော်နမ်ဟောင် တို့အကြား တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် အလားအလာ ရှိသည်ဟု ယင်းက ပြောကြားသော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိပါ။

တိုက်ပွဲများ ဖြစ်ပွားပြီး နာရီပိုင်း အကြာ သောကြာနေ့တွင် ယင်းတို့နှစ်ဦး နောက်ဆုံး တွေ့ဆုံ ခဲ့ကြသည်ဟု သိရှိရသည်။

ဖနွမ်းပင်မှ အစိုးရ ပြောရေးဆိုခွင့် ရှိသူ အက်ကသာ ကလည်း အဆိုပါ ကိစ္စနှင့် ပတ်သက်သည့် လုံခြုံရေး ကောင်စီ အစည်းအဝေးကို တနင်္လာနေ့တွင် ပြုလုပ်မည်ဟု မျှော်လင့်ရကြောင်း ပြောကြား ခဲ့သော်လည်း ကမ္ဘောဒီးယား ကိုယ်စားပြု တက်ရောက်မည့် သူကို ထုတ်ဖော် ပြောဆိုခြင်း မပြုပါ။

"ထိုင်းနိုင်ငံနဲ့ ၂ နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်ဖို့ အတွက်တော့ ကျွန်တော်တို့ ယုံကြည် စိတ်ချမှု မရှိတော့ ပါဘူး" ဟု ယင်းက ဆက်လက် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment