Transparency Myanmar

transparency.myanmar@gmail.com

(ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၁၁ ရက်စွဲပါ AFP သတင်းဌာန မှ "N.Korea military saysno more meetings with South" သတင်း ကို ဘာသာ ပြန်ဆိုသည်)

မနေ့က ဆွေးနွေးပွဲများ ပျက်ပြား သွားခဲ့ပြီး နောက်တွင် တောင်ကိုးရီးယား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှု နောက်ထပ် ရှိမည် မဟုတ်တော့ဟု မြောက်ကိုးရီးယား စစ်ဖက်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

တောင်ကိုးရီးယား စစ်တပ်သည် ကျွန်းဆွယ်တွင် တင်းမာမှု ဆက်လက် ကြီးထွားအောင် ပြုလုပ် လိုသူများသာ ဖြစ်သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် စစ်ဖက် ကိုယ်စားလှယ်များက ပြောကြားကြောင်း မြောက်ကိုးရီးယား နိုင်ငံပိုင် သတင်းဌာနက သတင်း ထုတ်ပြန်သည်။

ထိပ်ပိုင်း အဆင့် စစ်ဖက် ဆွေးနွေးပွဲများ စီစဉ်ရေးအတွက် နယ်ခြား အပစ်ရပ် ပန်ဖွန်ဂျုံ ကျေးရွာ တွင် ပြုလုပ်ခဲ့သည့် ၂ရက်ကြာ ဗိုလ်မှူးကြီး အဆင့် ဆွေးနွေးပွဲများသည် မြောက်ကိုးရီးယား ကိုယ်စားလှယ် အဖွဲ့ နှုတ်ထွက်သွားခြင်းကြောင့် ဗုဒ္ဓဟူးနေ့တွင် ပျက်ပြား သွားခဲ့ရသည်။ နိုဝင်ဘာလက တောင်ကိုးရီးယား ကျွန်းကို မြောက်ကိုးရီးယားက အမြောက်ဖြင့် ပစ်ခတ် ခဲ့ပြီး နောက်ပိုင်း ယခု ပထမဆုံးအကြိမ် ၂ နိုင်ငံ တွေ့ဆုံ ခဲ့ကြခြင်း ဖြစ်သည်။

ဆိုးလ်က ဗြုံးယမ်းကို စွပ်စွဲထားသည့် မတ်လက စစ်သင်္ဘော နစ်မြှုပ်မှုနှင့် ဟွန်ဗြောင်း ကျွန်းအား အမြောက် ပစ်ခတ်မှုများအတွက် လာမည့် ဆွေးနွေးပွဲများတွင် တောင်းပန်မှု ပြုလုပ် ရမည်ဟု တောင်ကိုးရီးယား ဖက်က ပြောကြားခဲ့သည်။

အငြင်းပွား ပင်လယ်ဝါ ရေပြင် နယ်နိမိတ် အနီးမှ ယွန်ပြောင်းကျွန်းကို အမြောက်ဖြင့် ပစ်ခတ် မှုတွင် အရပ်သား ၂ ဦး အပါအ၀င် ၄ ဦး သေဆုံးခဲ့ရပြီး မြောက်ကိုးရီးယားက ငြင်းဆို ထားသည့် သင်္ဘော နစ်မြုပ်မှုတွင် ရေတပ်သား ၄၆ ဦး သေဆုံးခဲ့ရသည်။

တောင်ကိုးရီးယား၏ စစ်ရေး လေ့ကျင့်မှုမှ အမြောက် ကျည်ဆံများ မြောက်ကိုးရီးယား ရေပြင် သို့ ကျရောက် ခဲ့သည့် အတွက် လက်တုန့်ပြန်သည့် အနေဖြင့် ယွန်ပြောင်းကျွန်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မြောက်ကိုးရီးယားက အကြောင်းပြသည်။ လာမည့် ဆွေးနွေးပွဲများသည် အခင်း ဖြစ်ရပ်များ အပေါ်တွင် သာမကပဲ တစ်ဖက်နှင့် တစ်ဖက် ကျူးကျော် ရန်စမှုကို ရှောင်ရှားနိုင်မည့် နည်းလမ်းများပါ အာရုံ ထားသင့်သည်ဟု ပြုံယမ်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment