Transparency Myanmar

transparency.myanmar@gmail.com

(The Times of India မှ 11 February 2011 ရက်စွဲပါ "Burmese King's Palace Gets Makeover" ကို ဘာသာ ပြန်ဆိုသည်)

ပြည်နယ် အစိုးရသည် မြန်မာ နိုင်ငံ၏ နောက်ဆုံး ဘုရင် သီပေါမင်း နောက်ဆုံး နေထိုင် သွားခဲ့သည့် နန်းတော်အား အကြီးစား မွမ်းမံမှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။ သမိုင်းဝင် နန်းတော်သည် ရတနာဂီရိ၏ အသည်းနှလုံး နေရာတွင် တည်ရှိသည်။ နန်းတော်ကို သီပေါမင်းနှင့် ၎င်း၏ မိသားစုများ နေထိုင်ရန် ဗြိတိသျှတို့က ဆောက်လုပ် ပေးခဲ့သည်။ သီပေါမင်းသည် ဗြိတိသျှတို့က မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ပြည်ပသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။

ရှေးဟောင်း သုတေသနနှင့် ပြတိုက်များ ဌာနသည် အဆိုပါ အဆောက် အဦးကို ပြည်နယ် အစိုးရက ထိန်းသိမ်းမည့် အထိမ်း အမှတ် အဆောက် အအုံ အဖြစ် ၂၀၀၀ ခုနှစ် ဇွန်လက ကြေညာခဲ့ပြီး နန်းတော်ကို အသွင် ပြောင်းရန် ဆုံးဖြတ်ခဲ့သည်။ နန်းတော် အတွင်း၌ ပြတိုက် အသွင် ပြောင်းရန် ကြေညာ ခဲ့သည်။ အဆိုပါ ဌာနသည် နန်းတော်ကို ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန် ယူထားခြင်း ဖြစ်သည်။

သီပေါ ဘုရင်သည် အဆိုပါ နန်းတော်သို့ ၁၉၁၀ နိုဝင်ဘာလ ၁၃ ရက်တွင် ပြောင်းရွှေ့ နေထိုင် ခဲ့ပြီး ရတနာဂီရိရှိ အဆိုပါ နန်းတော်တွင်ပင် နေထိုင်ပြီး ကွယ်လွန် ခဲ့သည်။

ယခု အခါ ယင်း၏ မိသားစုဝင် တစ်ဦးမျှ မရှိကြတော့ပါ။ နန်းတော်အား လွတ်လပ်ရေးလွန် ကာလတွင် အခွန် ကောက်ခံသူ နေထိုင်ရာ နေအိမ် အဖြစ် တရားဝင် ပြောင်းလဲ ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် မြန်မာ အစိုးရက အိန္ဒိယ ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရတို့ အဆိုပါ သမိုင်းဝင် အဆောက် အဦးကို ထိန်းသိမ်းမှုများ ပြုလုပ် ပေးရန် တောင်းဆိုခဲ့သည်။

ရှေးဟောင်း သုတေသန နှင့် ပြတိုက် ဌာနသည် အစိုးရက ထိန်းသိမ်း စောင့်ရှောက် ရမည့် အထိမ်း အမှတ် အဆောက် အအုံ အဖြစ် ကြေညာ ခဲ့ရာ နန်းတော်၏ တစ်စိတ် တစ်ပိုင်းကို တာဝန် ယူခဲ့ပြီး ကျန် တစ်ပိုင်းကို မွန်ဘိုင်း တက္ကသိုလ် အဖြစ် အသုံး ပြုခဲ့သည်။ သို့သော် လွန်ခဲ့သည့် နှစ်နှစ်က တက္ကသိုလ်က ထိုအပိုင်းကို ဌာနသို့ ပြန်လည် လွှဲပြောင်း ပေးခဲ့သည်။

ဌာနသည် ပြန်လည် ပြင်ဆင်ရေး လုပ်ငန်းများ စတင် လုပ်ဆောင်လျက် ရှိပြီး ဆေးသုတ်ခြင်း ရေမစိမ့်အောင် ပြုလုပ်ခြင်း စသည့် ပြုပြင်ခြင်း လုပ်ငန်းများ လုပ်ဆောင်လျက် ရှိချိန်တွင် ဌာန တာဝန် ရှိသူများသည် Maratha၊ ဥရောပနှင့် မွန်ဂို စစ်သင်္ဘောများ၊ ရှေးဟောင်း ပန်းပုရုပ်များနှင့် ပြည်တွင်း Konkani အနုပညာများ ပြသရန် ပြင်ဆင်လျက် ရှိသည်။

ပြတိုက်မှူး Bhalchandra Kulkarni က ပြောကြားရာတွင် "အမျိုးအစား တစ်ခုချင်း အလိုက် ပြခန်းတွေ သီးသန့် ပြသပါမယ်" ဟု ဆိုသည်။ စစ်သင်္ဘောများကို ပြသရာတွင် Kolhapur မှ ပညာရှင်များက သစ်သားနှင့် ထုထားသော သင်္ဘော အစစ်နှင့် တူအောင် ပြုလုပ် ပြသမည်ဟု ၎င်းက ဆိုသည်။ "သင်္ဘောတွေနဲ့ ပတ်သက်လို့ သမိုင်း အထောက်အထား တွေနဲ့ လွတ်လပ်ရေး မတိုင်မီက ဓာတ်ပုံများနဲ့ အချက် အလက်များ ပါဝင်သော စာအုပ်တွေ စုဆောင်းပြီး လုပ်ထားပါတယ်" ဟု ယင်းက ဆက်လက် ပြောသည်။

စစ်သင်္ဘော ပြခန်း အတွက် အခန်း (၃) ခန်း ထားရှိမည် ဖြစ်သည်။ "Maratha သင်္ဘော ရှစ်စင်း၊ ဥရောပ ဆယ်စင်းနဲ့ Moghul ခေတ်က နှစ်စင်း အပါအဝင် သင်္ဘော (၂၅) စင်း ပြသပါမယ်၊ ကျန်တာတွေ ကတော့ ဒေသခံ ငါးဖမ်းတဲ့ သူတွေ အသုံး ပြုတဲ့ လှေတွေ၊ သင်္ဘောတွေ ဖြစ်ပါတယ်" ဟု Kulkarni က ဆိုသည်။

ပြတိုက်တွင် သီပေါ ဘုရင် အတွက် အမှတ် တရ ပြခန်း တစ်ခုလည်း ပါဝင်မည် ဖြစ်သည်။ ယင်းမှာ အစိုးရသည် ဒေသ အနုပညာ မြှင့်တင်ရေး အတွက် ပြတိုက်ကို အသုံးပြုရန် စီစဉ်ခြင်းလည်း တစ်နည်း ဖြစ်ပါသည်။ Kulkani က ပြောကြား ရာတွင် နန်းတော်၏ အချို့ အစိတ် အပိုင်းများတွင် ဒေသမှ ပန်းချီ ဆရာများ၏ လက်ရာများလည်း ပြသထားမည်ဟု ဆိုသည်။ ရှေးဟောင်း ပန်းပု လက်ရာ များကိုလည်း ပြသ ထားမည် ဖြစ်သည်။ ထို့အပြင် ဒေသရှိ ရှားပါးသော တိရစ္ဆာန်များ၏ အရေခွံများကိုလည်း ပြတိုက်တွင် တစ်နေရာပေး၍ ပြသမည် ဖြစ်သည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment