Transparency Myanmar

transparency.myanmar@gmail.com

(ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၁၁ ရက်စွဲပါ The Straits Times မှ "Egypt Protests mount as US Presses Mubarak" သတင်း ကို ဘာသာ ပြန်ဆိုသည်)

ဟော့စနီ မူဘာရတ် အာဏာရှင် အစိုးရ ဖြုတ်ချရေး လှုပ်ရှားမှု စတင်ခဲ့သည့် နောက်ပိုင်း အကြီးကျယ်ဆုံး ဆန္ဒပြသည့်နေ့ ဖြစ်အောင် လှုံ့ဆော် ခဲ့ကြသည့် အီဂျစ် ဒီမိုကရေစီ ထောက်ခံ လှုပ်ရှားသူများက ပါလီမန်ကို ၀ိုင်းပတ် ပိတ်ဆို့ရန် ဗုဒ္ဓဟူးနေ့တွင် ကြိုးစား ခဲ့ကြသည်။

"အားမလျှော့ ကြပါနဲ့။ တောင့်ထားကြပါ။ လွတ်လပ်ခွင့် မရသေးပါဘူး"ဟု အသံချဲ့စက် စပီကာများဖြင့် လှုံ့ဆော်လျက် ရှိသော တာရစ် ရင်ပြင်မှ လွတ်မြောက်ရေး နယ်မြေကို တွယ်ဖတ် ထားကြသည့် ဆန္ဒပြသူ ထောင်ပေါင်း များစွာသည် ပလတ်စတစ် အမိုးအကာများ အောက်နှင့် သံချပ်ကာ တင့်ကားများ၏ အောက်တွင် စခန်းချ တပ်စွဲထားကြဆဲ ဖြစ်သည်။

ယင်းတို့ထဲမှ လူတစ်ထောင်ခန့်က လွှတ်တော် အမတ်များ နှုတ်ထွက်အောင် တောင်းဆိုရန် ပါလီမန်သို့ ချီတက် သွားခဲ့ကြသည်။

ဆန္ဒပြပွဲမှာ အေးအေးချမ်းချမ်း ရှိပြီး လွှတ်တော် အဆောက်အဦးကို အစိုးရ တပ်ဖွဲ့များက စောင့်ကြပ်လျှက် ရှိသော်လည်း လွှတ်တော် မဖျက်သိမ်း မချင်း နေရာမှ ထွက်ခွာမည် မဟုတ်ဟု ဆန္ဒပြသူများက သန္နိာန် ချထားသည်။

အာဏာရှင် သမ္မတကို ဖယ်ရှားကာ ယင်း၏ သက်တမ်းလွန် အနှစ် ၃၀ အစိုးရကို အစားထိုး လဲလှယ်ပစ်ရန် အတွက် ရက်သတ္တပတ် နှစ်ပတ်ကြာ လှုပ်ရှားမှုများ အနက် အကြီးကျယ်ဆုံးသော ချီတက်ပွဲ ညအဖြစ် သိန်းနှင့် ချီသော ဒီမိုကရေစီ ထောက်ခံသူများ ယခင်ညက လာရောက် ပူးပေါင်း ခဲ့ကြသည်ဟု သိရှိရသည်။

တာရစ် ရင်ပြင်တွင် တပ်စွဲထားသည့် တင့်ကား မရွေ့နိုင်အောင် ဇန်န၀ါရီ ၂၈ ရက်က စ တင့်ကား၏ အောက်တွင် အိပ်စက်ခဲ့သူ အသက် ၃၅ နှစ်အရွယ် ရှေ့နေ အက်ဆမ်မက်ဒီ က "မူဘာရတ် မထွက်မချင်း စေ့စပ် ညှိနှိုင်းမှု မရှိနိုင်ပါဘူး။ သူဆင်းပေးပြီး မှသာ အရာ အားလုံးကို ဆွေးနွေး နိုင်မှာပါ"ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment