Transparency Myanmar

transparency.myanmar@gmail.com

အီရန်က၎င်း၏နျူကိစ္စ ဆွေးနွေးပွဲသဘောတူညီချက်

မူကြမ်းကို မူအားဖြင့် လက်ခံ

(From CNN : 21 - Oct - 2009)

          အီရန်အနေဖြင့် ၎င်း၏ယူရေနီယံထုတ်လုပ်မှုတွင် ပိုမိုသန့်စင်သောအဆင့်များအတွက် အခြားနိုင်ငံများသို့တင်ပို့နေမှုအပေါ် တောင်းဆိုနေမှုများနှင့်ပတ်သက်၍ သဘောတူညီချက် မူကြမ်းကို လက်ခံလိုက်ပြီဖြစ်ကြောင်း အီရန်သံတမန်က ဗုဒ္ဓဟူးနေ့ကပြောကြားလိုက်ပါသည်။

          အဆိုပြုချက်ကို မူအားဖြင့် မိမိတို့လက်ခံကြောင်း၊ တီဟီရန်အနေဖြင့် ဓာတ်ပေါင်းဖို အတွက် လိုအပ်သောစွမ်းအင်ကို ယူရေနီယံမှထုတ်ယူခြင်းကို ပြုလုပ်နိုင်ကြောင်း Ali Asghar Soltonieh က CNN သို့ပြောကြားပါသည်။

          မိမိတို့၏မြင်သာထင်သာရှိသော သဘောထားကိုပြသရန်အတွက်လည်းကောင်း၊ ပူးပေါင်း ဆောင်ရွက်လိုမှုကိုပြသရန်အတွက်လည်းကောင်း၊ ထိုအဆိုပြုချက်ကို ကြိုဆိုရန် ဆုံးဖြတ်ချက်ချခဲ့ ခြင်းဖြစ်ကြောင်း၊ အမှန်တကယ်တွင်မူ မိမိတို့နျူကလီးယားလုပ်ဆောင်မှုများမှာ ငြိမ်းချမ်းသော ရည်ရွယ်ချက်များသာရှိကြောင်း ၎င်းကဆိုသည်။

          Soltanieh သည် ကုလသမဂ္ဂ၏ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ဖြစ်သော International Atomic Energy Agency (IAEA) အီရန်နိုင်ငံသံအမတ်ဖြစ်ပါသည်။ IAEA ဌာနချုပ်တွင် ကုလသမဂ္ဂ၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်များနှင့် သုံးရက်တာ ဆွေးနွေးပွဲအပြီးတွင် Soltanieh က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

          အဆိုပါသဘောတူညီချက်မူကြမ်းမှာ တနင်္လာနေ့က စတင်ဆွေးနွေးမှုများ၏ အနှစ်ချုပ်ဖြစ် ကြောင်း၊ တီဟီရန်၏ဓာတ်ပေါင်းဖိုအတွက် လိုအပ်သောလောင်စာထုတ်လုပ်မှုစီမံကိန်းနှင့် ပတ်သက်သော အသေးစိတ်အချက်များပင်ဖြစ်ကြောင်း Soltanieh ကပြောပါသည်။

          ၎င်းအပါအ၀င်တက်ရောက်သော ကိုယ်စားလှယ်အားလုံးက သဘောတူညီချက် မူကြမ်းကို ၎င်းတို့၏ သက်ဆိုင်ရာအစိုးရများပြသ၍ အတည်ပြုချက်ရယူကြမည်ဖြစ်သည်။

          IAEA အကြီးအကဲ Mohamed EL Baradei က ကိုယ်စားလှယ်များကို သဘောတူညီချက် အား လက်မှတ်ရေးထိုးရေးအတွက် သောကြာနေ့အထိ အချိန်ပေးထားပါသည်။ EL Baradei က အဆိုပါ သဘောတူညီချက်ကို ပြဿနာအတွက် မျှတသောချဉ်းကပ်မှုဖြစ်ကြောင်း ဖော်ပြပါသည်။

          သဘောတူညီချက်မူကြမ်းအား အဆုံးသတ်မပြီးမချင်း အသေးစိတ်ကို ထုတ်ဖော်ပြောကြား မည်မဟုတ်ကြောင်း Soltanieh က ပြောပါသည်။ သို့သော် ၎င်းက အီရန်၏ Bushehr နျူကလီးယား ပါဝါစက်ရုံတွင် ယူရေနီယံသန့်စင်မှုဆက်လက်ပြုလုပ်မည့်အစီအစဉ်ကို CNN သို့ ပြောကြားခဲ့ပါသည်။

          ကိုယ်စားလှယ်များသည် ပြီးခဲ့သည့်အောက်တိုဘာလအစောပိုင်းက ယာယီအားဖြင့် ဆွေး နွေးထားသော အီရန်၏အဆင့်နိမ့်သန့်စင်ထားသောယူရေနီယံများကို အဆင့်မြင့်သန့်စင်မှု အတွက် ပြည်ပသို့ပို့ပြီး၊ ဆေးသုတေသနနှင့် ကုသမှုလုပ်ငန်းများတွင် အသုံးပြုရန် ပြန်လည် တင်သွင်းလာသည့်ကိစ္စအား အသေးစိတ်ဆွေးနွေးကြပါသည်။

          အီရန်ကမူ ၎င်း၏နျူကလီးယားအစီအစဉ်များသည် ငြိမ်းချမ်းသောရည်ရွယ်ချက်သာ ထားရှိကြောင်းဆိုပါသည်။ သို့သော် အနောက်နိုင်ငံအများစုကမူ အီရန်သည် နျူကလီးယာား လက်နက်ကိုင်ဆောင်ရန် ကြိုးပမ်းနေသည်ဟု ယုံကြည်နေကြသည်။

          အိုဘားမားအစိုးရအနေဖြင့် လက်ရှိသံတမန်နည်းလမ်းများဖြင့် အီရန်၏နျူကလီးယား အစီအစဉ်များကို လျော့ချရေးဆောင်ရွက်မှုမအောင်မြင်ပါက ပိုမို၍ထိရောက်သော အရေးယူ ပိတ်ဆို့မှုများပြုလုပ်ရန် စီစဉ်နေကြောင့် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ကွန်ဂရက်သို့ ယခုလ အစောပိုင်းကပြောပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment