Transparency Myanmar

transparency.myanmar@gmail.com

ကင်ဂျုံအီနေရာဆက်ခံမည့် သူသား၏ ၀ါဒဖြန့်ချရေးအစဉ် ရပ်ဆိုင်းဟု

တောင်ကိုရီးယား ပြော

SEOUL (AFP) 8 - Oct - 2009

          မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီကို ဆက်ခံမည့် ၎င်း၏အငယ်ဆုံးသားကို ထောက်ခံပံ့ပိုးသည့် ၀ါဒဖြန့်ချရေးအစီအစဉ်များကို မြောက်ကိုရီးယားတို့ ရပ်ဆိုင်းထားလိုက် ကြောင်း တောင်ကိုရီးယားဝန်ကြီးတစ်ဦးက ကြာသပတေးနေ့က အတည်ပြုပြောကြားသွားပါ သည်။

          အဆိုပါအစီအစဉ်အစား လက်ရှိခေါင်းဆောင်အပေါ်သာထောက်ခံပံ့ပိုးကြရန် ၀ါဒဖြန့်ချီ လျက်ရှိကြောင်း ပေါင်းစည်းရေးဒုတိယ၀န်ကြီး Hong Yang-Ho ကပြောပါသည်။

          ဆက်ခံမှုနှင့်ပတ်သက်သည့် ခန့်မှန်းမှုများသည် ၂၀၀၈ ခုနှစ်၊ သြဂုတ်လ အသက် ၆၇ နှစ်ရှိ ကင်ဂျုံအီ နှလုံးရောဂါခံစားနေရစဉ်က စတင်ခဲ့ခြင်းဖြစ်သည်။ ကင်သည် ၎င်း၏တတိယသား အငယ်ဆုံး Jong-Un ကို အာဏာဆက်ခံရန် ရွေးချယ်ခဲ့ကြောင်း ထိုစဉ်ကတည်းက သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။

          မနှစ်က နှစ်ကုန်ပိုင်းကစ၍ အဖေမှသားသို့ အာဏာဆက်ခံစေခြင်းကို လူအများလက်ခံ လာအောင် နိုင်ငံပိုင်မီဒီယာများသည် တဆင့်ပြီးတဆင့် ၀ါဒဖြန့်ချီရေးကိုလုပ်ခဲ့သော်လည်း အဆိုပါ ၀ါဒဖြန့်ချီမှုမှာပြီးခဲ့သည့် ဇူလိုင်လလယ်တွင် ရပ်ဆိုင်းသွားကြောင်း Hong က ဆက်လက်ပြောပါ သည်။

          "ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့ကစလို့ မြောက်ကိုရီးယားမီဒီယာတွေဟာ ဆွေမျိုးစဉ်ဆက် အာဏာဆက်ခံမှုကို ကာကွယ်သော တင်ပြချက်များကို ရပ်ဆိုင်းခဲ့ပါတယ်" ဟု Hong က မြောက်ကိုရီးယားမူဝါဒနှင့်ပတ်သက်၍ ဆွေးနွေးပွဲ Forum တွင်ပြောပါသည်။ သူ၏ပြောကြားချက် ကို ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

          "မြောက်ကိုရီးယားတို့ဟာ အဆိုပါအစီအစဉ်အစား သူတို့ရဲ့အစဉ်အလာအတွေးအခေါ် ဖြစ်တဲ့ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ၀ါဒကို အကာအကွယ်ပေးရေးကိုသာ စူးစူးစိုက် စိုက်လုပ်ဆောင်နေပါတယ်"ဟု Hong က ဖြည့်စွက်ပြောပါသည်။

          သုတေသနပြုနေသူများအဖွဲ့က ပြီးခဲ့သည့်လက AFP သို့ပြောကြားရာတွင် မြောက်ကိုရီး ယားအစိုးရဟာ ဇူလိုင်လက ၎င်း၏တာဝန်ရှိပုဂ္ဂိုလ်များစကို အာဏာဆက်ခံရေးကိစ္စအား ပြောကြားခြင်းမပြုရန် ညွှန်ကြားထားသောကြောင့်ဟု ဖော်ပြထားပါသည်။

          Hong ကတော့ အဘယ်ကြောင့် အဆိုပါဝါဒဖြန့်ချီရေးအစီအစဉ်ရပ်သွားသနည်းဆိုသည် ကို ခန့်မှန်းပြောဆိုခြင်းမရှိပေ။

          အချို့ခွဲခြမ်းစိတ်ဖြာလေ့လာသူများက ကင်ဂျုံအီသည် သူ၏အာဏာဆက်ခံရေးအစီအစဉ် နှင့်ပတ်သက်၍ အစိုးရ၏ပံ့ပိုးမှုရရှိပြီးဖြစ်ရာ သူ့အစိုးရတွင် သူ၏သြဇာလွှမ်းမိုးမှုလျော့ကျလာမည် ကို စိုးရိမ်၍ ရပ်ဆိုင်းလိုက်ခြင်းဖြစ်မည်ဟုခန့်မှန်းသည်။

          အချို့ကတော့ အာဏာဆက်ခံမည့်သူဟာ Jong-Un ဖြစ်ကြောင်း ကြေညာရန်အခွင့်အခါ ကောင်းကို စောင့်နေခြင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။

          တောင်ကိုရီးယားဥပဒေပညာရှင်က အာဏာခက်ခံရေးကို ပြင်ဆင်သည့်အနေဖြင့် Jong-Un ကို လက်ရှိအုပ်ချုပ်နေသော ကွန်မြူနစ်ပါတီတွင် နေရာတစ်နေရာပေးပြီးဖြစ်ကြောင်း ပြောကြားပါသည်။

          Jong-Un ကို အာဏာဆက်ခံမည့်သူဖြစ်ကြောင်း ၂၀၁၀ နှင့် ၂၀၁၂ ခုနှစ်ကြားတွင် တရားဝင်ကြေညာလိမ့်မည်ဖြစ်ကြောင်း ဥပဒေပြုပညာရှင် Yoon Sang-Hyun က ပြောကြားပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment