Transparency Myanmar

transparency.myanmar@gmail.com

By LAWI WENG

21 - Oct - 2009 / Irrawaddy

          မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်၊ မောင်းတောမြို့တွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နယ်စပ်ဒေသ တင်းမာ မှုများကို လျှော့ချရန် ကြိုးစားခဲ့ကြသည်ဟု ဒေသသတင်းများအရ သိရှိရသည်။

          အထက်ပါ နှစ်နိုင်ငံသည် ယခုလအတွင်း ဒုတိယအကြိမ်မြောက် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး၊ နယ်စပ်ဒေသရှိ တရားမ၀င် မူးယစ်ဆေးနှင့် လက်နက်ရောင်းဝယ်မှုများ၊ လက်နက်ကိုင်တပ်ဖွဲ့ လှုပ်ရှားမှုများ၊ ရိုဟင်ဂျာကိစ္စနှင့် မြန်မာနိုင်ငံက ပြုလုပ်နေသော အငြင်းပွားဖွယ် နယ်စပ်ခြံစည်းရိုး ကိစ္စများကို ဆွေးနွေးခဲ့ပြီး၊ အဆိုပါ ခြံစည်းရိုးသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းဖြစ် သည်ဟု ဘင်္ဂလားဒေ့ရှ်က ပြောကြားသည်။

          နှစ်ဖက်တာဝန်ရှိပုဂ္ဂိုလ်များတွေ့ဆုံနေသည့်ကြားမှပင် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ် နေသည်။ တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်တွင် ငါးဖမ်းလှေများကို မြန်မာတပ်ဖွဲ့များက သိမ်းဆည်းခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်တံငါသည်များက စွပ်စွဲပြောကြားခဲ့ပါသည်။

          ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာစစ်သင်္ဘောများသည် ဘင်္ဂလားပင်လယ်အော် အငြင်းပွားရေပြင် တွင် ကင်းလှည့်နေကြပြီး နယ်စပ်ဒေသတွင်လည်း နှစ်ဖက်စလုံးက စစ်တပ်များတပ်ခွဲထားကြောင်း သိရပါသည်။

          မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နယ်ခြားသည် ၃၂၀ ကီလိုမီတာရှည်လျားပြီး၊ အချို့နေရာများတွင် နတ်မြစ် (Nat River) က ပိုင်းခြားထားကာ တရားမ၀င်ကုန်သွယ်မှုများ၊ တရားမ၀င် ဖြတ်ကျော်မှု များ ပုံမှန်ဖြတ်သန်းစီးဆင်းရာ လမ်းကြောင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံက ကီလိုမီတာ ၂၀၀ ရှည်လျားသော သံဆူးကြိုးစည်းရိုးကာရံခဲ့ပြီး၊ မူးယစ်ဆေးတရားမ၀င်ကုန်သွယ်မှုနှင့် လူကုန်ကူးမှု များကို တားဆီးရန် ရည်ရွယ်သည်ဟုဆိုပါသည်။

          ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသတွင် မြန်မာ ရိုဟင်ဂျာများစွာ တရားမ၀င် အလုပ်လုပ် နေကြပြီး၊ သံဆူးကြိုးကာရံမှုစတင်သည့် အောက်တိုဘာ ရက်ခန့်ကပင် တနေ့လျှင် ၄၀ ခန့် ဖမ်းဆီးပြန်ပို့ခြင်းခံရသည်ဟု ရခိုင်စီမံကိန်း ညှိနှိုင်းရေးမှူး Chris Lewa ၏ပြောကြားချက်အရ သိရှိရသည်။

          သံဆူးကြိုးစည်းရိုးကာရံမှုပြီးဆုံးချိန်တွင် တရားမ၀င် ရိုဟင်ဂျာအားလုံးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက နှင်ထုတ်လိမ့်မည်ဟု ယုံကြည်ရကြောင်း Lewa ကပြောပါသည်။

          ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ၎င်းရိုဟင်ဂျာဒုက္ခသည်များသည် မိမိတို့နိုင်ငံ၏စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာနယ်ပယ်များအတွက် ကြီးမားသော ၀န်ထုပ်ဝန်ပိုးဖြစ်သည်ဟု ဆိုပါသည်။

          Cox's Bazaar အနီးရှိ စည်း၂ခုတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ရိုဟင်ဂျာ ၄သိန်းခန့်နေထိုင်ကြောင်း UNHCR သတင်းများအရ သိရှိရပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment