Transparency Myanmar

transparency.myanmar@gmail.com

(VOA News : 21 - 10 -09)

          မြန်မာအလုပ်သမား ၀န်ကြီးဌာန၀န်ကြီးသည် ဖမ်းဆီးထိန်းသိမ်းခြင်းခံရနေသော အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးမှီရက်သတ္တအတွင်းက ()ကြိမ် တွေ့ဆုံခဲ့ခြင်းအပေါ် ၀မ်းမြောက်ဝမ်းသာဖြစ်သည့်အကြောင်း၊ အမေရိကန်မှပြောကြားခဲ့သည်။ နိုင်ငံခြားသံတမန်များသည်လည်း သူမနှင့်တွေ့ဆုံခဲ့ပါသည်။

          သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏နိုင်ငံရေးပါတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပြုရန်နှင့် အစိုးရနှင့်ဆွေးနွေးမှုပြုလုပ်ရန် လိုအပ်နေသေးကြောင်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကဒ်ကင်းဘယ်လ်က ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန်လည်း အမေရိကန်က ဆက်လက်၍ တောင်းဆိုခဲ့ပါသည်။ ကင်းဘယ်လ် က အမေရိကန် ကွန်ဂရက်ကော်မတီနှင့် နိုင်ငံခြားရေးကော်မတီတွင် ဗုဒ္ဓဟူးနေ့က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

          ၎င်းကပင် ဆက်လက်၍ အမေရိကန်အစိုးရအရာရှိများသည် လာမည့်ရက်သတ္တပတ် ()ပတ်အတွင်း မြန်မာနိုင်ငံသို့သွား၍ မြန်မာနိုင်ငံစစ်အစိုးရအဖွဲ့ဝင်များ၊ ဒီမိုကရေစီလိုလားသူ နိုင်ငံရေးသမားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ရန် စီစဉ်လျက်ရှိကြောင်း ပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွန်ခဲ့သည့် အနှစ်(၂၀)အတွင်းတွင် (၁၄)နှစ်ခန့်မှာ ဖမ်းဆီး အကျဉ်းချခြင်းခံခဲ့ရပါသည်။ နေအိမ်အကျယ်ချုပ်ကျခံနေရသူ၊ သူမ၏နေအိမ်သို့ အမေရိကန် တစ်ဦးဝင်ရောက်လျက်၊ အာဏာပိုင်များ၏တရားဝင်ခွင့်ပြုချက်မရှိဘဲ နေထိုင်သွားမှုအတွက် သူမအားနေအိမ်အကျယ်ချုပ် (၁၈) တိုးမြှင့်ချထားခဲ့ပါသည်။

          အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းက ဒေါ်အောင်ဆန်းစုကြည်အပေါ်ပြစ်ဒဏ်ချမှတ်ခြင်းကို ရှုတ်ချခဲ့ပြီး၊ လာမည့်နှစ်ရွေးကောက်ပွဲတွင် သူမပါဝင်နိုင်ခြင်းမရှိအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့ကြသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment