Transparency Myanmar

transparency.myanmar@gmail.com

(Philippines : 29 - 10 - 2009)

          ဆက်သွယ်ရေး ၀န်ဆောင်မှု ဆောင်းပါးတစ်ခုက အာဆီယံခေါင်းဆောင်များသည် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများတွင် အမှန်တကယ်ဖြစ်သော လူ့အခွင့်အရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်လာ လျှင် လှည့်ဖျားလိမ်ညာမှုကို ပြုလုပ်နေပြီး၊ သူရဲဘောကြောင်နေကြသည်ဟု ဝေဖန်လိုက်သည်။ အထူးသဖြင့် မြန်မာအရေး ကိစ္စမျိုးဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။

 အာဆီယံ ထိပ်တန်းအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက၊ အာဆီယံသည် တနေ့တွင် ဥရောပသမဂ္ဂကဲ့သို့ပင် အရည်အချင်းရှိပြီး၊ ဖွဲ့စည်းပုံ အနာဂတ်အမြင်နှင့် ရည်မှန်းချက်များရှိသည့် အဖွဲ့ဖြစ်လာမည်ဟု ကြွားဝါပြောဆိုခဲ့ကြောင်း ရေးသားထားသည်။ အဆိုပါအိမ်မက်မှာ အလွန်ရီစရာကောင်းသော ပြက်လုံးတစ်ခုဖြစ်ကြောင်း၊ ဒေသအတွင်း နိမ့်ကျနေသော လူ့အခွင့်အရေးဆိုင်ရာ အသွင်သဏ္ဍာန်များနှင့် ထိပ်ပိုင်းခေါင်းဆောင်များကို အပြစ်မှ ကင်းလွတ်အောင် ဖုံးကွယ်ပေးသည့် သတင်း ထုတ်ပြန်ချက်နှင့်သာ တူကြောင်း ပြောကြားထားသည်။

          အာဆီယံ လူ့အခွင့်အရေးကော်မရှင်သည် ဖွဲ့စည်းပုံ၊ ကိုယ်စားလှယ်ပြုမှု၊ လုပ်ငန်း ဖေါ်ဆောင်မှု၊ ပွင့်လင်းမှု၊ ယုံကြည်စိတ်ချနိုင်မှု၊ ဒေသအတွင်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စ ရပ်များအပေါ် အပြည်ပြည်ဆိုင်ရာ ခံယူချက်များကို လက်ခံကျင့်သုံးစေရန်အတွက် စိတ်ဓာတ်ပိုင်း ဆိုင်ရာ အားပေးထောက်ပံ့မှုနှင့် ကိုယ်တိုင်ပါဝင်ပတ်သက်မှုများ မည်သို့ရှိလာမည်ကို စောင့်ကြည့် ရန် ရှိပါသည်ဟု ရေးသားခဲ့သည်။

အနည်းဆုံး()နှစ်တာကြာသည်အထိ စောင့်ကြည့်ရန် လိုအပ်မည်ဖြစ် ကြောင်းနှင့် ဒေသတွင်းရှိ ဥပဒေအကြံပေးများနှင့် ရှေ့နေများကလည်း အထူးဂရုပြုလျက် စောင့် ကြည့်ရန်လိုကြောင်းလည်း ပြောသည်။ အဆိုပါ ဆောင်းပါးတွင် အာဆီယံခေါင်းဆောင်များသည် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အစည်းအဝေးကာလ အတွင်း ထုတ်ဖေါ်ဆွေးနွေးခြင်းပင် မပြုခဲ့ခြင်းသည် အဆိုပါ လူ့အခွင့်အရေးကော်မရှင်၏ ဒေသ ဆိုင်ရာ ဟိတ်ဟန်ကောင်းသည့် ကြေညာချက်များထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ လှောင်စရာဖြစ် နေကြောင်း ဖေါ်ပြထားသည်။

          အာဆီယံအဖွဲ့တွင် ကာလကြာမြင့်စွာ ကျင့်သုံးခဲ့သော အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး များတွင် ၀င်ရောက်စွက်ဖက်ခြင်းမပြုရန် သတ်မှတ်ထားသည့် ပေါ်လစီကြောင့်  အာဆီယံသည် မြန်မာအစိုးရကို ထိရောက်သော ဖိအားပေးမှုများပြုလုပ်နိုင်ခြင်း မရှိကြောင်းလည်း ဖေါ်ပြထား သည်။ အမေရိကန်နိုင်ငံသည်ပင်လျှင် အလျော့ပေးလာပြီဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ  မကျေမလည်ဆက်ဆံပြီးမှ အထီးကျန်နေသော အစိုးရကို ပြန်လည်စေ့စပ်ဆွေးနွေးလို သောကြောင့် ဖြစ်သည်။ ဤအချက်က အာဆီယံကို မြန်မာနိုင်ငံအပေါ် ဖိအားဆက်လက် ပေးစေလိုမှုကို လျော့ကျစေခဲ့ပါသည်။

          ကျွန်ုပ်တို့ အာဆီယံလူထုသည် တစ်ဦးကိုတစ်ဦး လိမ်လည်လှည့်မှုများ ရပ်ရန်လိုပြီ ဖြစ်သည်။ ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံကပင်လျှင် မြန်မာကို ဖိအားပေးရန် တွန့်ဆုတ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ဖိလစ်ပိုင်တွင်လည်း တရားဥပဒေမဲ့သတ်ဖြတ်မှု၊ ဥပဒေပြဌာန်းမှုမရှိခြင်း၊ ဖမ်းဆီးထိန်းချုပ်ထားစဉ် ကာလအတွင်း ညှင်းပမ်းနှိပ်စက်ခြင်း အကာအကွယ်အတွက် မလိုအပ်ဘဲ ရေရှည်ဖမ်းဆီးထားခြင်း၊ အာဏာအလွဲသုံးစားလုပ်သူ လာဘ်စားခြစားနေသော စစ်တပ်နှင့် ရဲများအား အရေးယူမှုမရှိခြင်းနှင့် နိုင်ငံရေး၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားဒိုင်များအား အရေးယူခြင်းမရှိခြင်း စသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှိနေပါသည် ဟု ယင်းဆောင်းပါး တွင်ဖော်ပြထားသည်။

 



--
Posted By icypress to Sensible Rumour at 11/01/2009 02:50:00 AM

0 comments:

Post a Comment