Transparency Myanmar

transparency.myanmar@gmail.com

ExpressBuzz,6 Dec, 09

လွန်ခဲ့သည့် စနေနေ့က အိန္ဒိယနိုင်ငံသည် ၎င်း၏ အိမ်နီးချင်းများ ဖြစ်သော မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကို ရည်ရွယ်ပြီး သတင်းစကား ပြောကြားခဲ့ပါသည်။ ၎င်းသည် ULFA မှ ဦးစီးချုပ် Paresh Barua အား ၎င်း၏ ပြစ်မှုများအတွက် အလိုရှိကြောင်း၊ အိမ်နီးချင်းများအနေဖြင့်လည်း အိမ်နီးချင်း ပီသစွာ  ပြုမူနေထိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယသည် တရုတ်နှင့် Demchok တွင် အိန္ဒိယက လမ်းဖောက်နေမှုအား တရုတ်တပ်မတော်၏ ကန့်ကွက်မှု ကိစ္စ ရှိနေပါသည်။ Demchok သည် Ladakh ၏ ထိန်းချုပ်မှု လမ်းကြောင်း (Line of Actual Control in Ladakh) အနီးတွင် ရှိနေပါသည်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး Nirupama Rao က ပြောကြားရာတွင် အဆိုပါဒေသ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ခံယူချက်များ ကွဲပြားခြားနား နေသောကြောင့် အမြဲတမ်း ပြဿနာ ဖြစ်နေရကြောင်း ပြောပါသည်။

အာသံ သူပုန်ခေါင်းဆောင် Peresh Barua အား တရုတ်နိုင်ငံတွင်း ရှိနေပါက တရုတ်နှင့် ပူးပေါင်း၍ ဖမ်းဆီးရန်  အစီအစဉ် ရှိ / မရှိ မေးမြန်းစဉ် အထက်ပါ မှတ်ချက်အား မကြာသေးမီက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ သူပုန်ခေါင်းဆောင်သည် မကြာသေးမီက တရုတ်ပြည်တွင် ရှိနေသည်ဟု ဆိုသော်လည်း ယခုအခါ မြန်မာနိုင်ငံတွင်းသို့ ပြောင်းလဲ အခြေစိုက်နေပြီဟု ဆိုသည်။

သို့သော် Rio က ဖြေကြားရာတွင် မေးခွန်းမေးမြန်းသူ သိလိုသည်များကို ဖြေကြားခြင်း မပြုခဲ့ပါ။ မည်သည့်နိုင်ငံတွင် ရှိနေသည်ကိုလည်း ပြောကြားသွားခဲ့ခြင်း မရှိပါ။

ဝန်ကြီးက Paresh Barua သည် အိန္ဒိယနိုင်ငံအပေါ်တွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံ ပြည်သူများအပေါ်တွင်လည်းကောင်း ပြစ်မှုများ ကျူးလွန်ထားကြောင်း၊ အနာဂတ်တွင်လည်း ဆက်လက် လုပ်ဆောင်နေမည် စိုးရိမ်သောကြောင့် လိုက်ရှာနေခြင်း ဖြစ်ကြောင်း ပြောကြားသွားပါသည်။

ကျွန်ုပ်တို့သည် အိမ်နီးချင်းနိုင်ငံများနှင့် အဆက်မပြတ် ထိတွေ့လျက် ရှိနေပြီး အိမ်နီးချင်းများကလည်း ယခု အရေးတွင် တာဝန်သိစွာ ပူးပေါင်း ဆောင်ရွက်ရန် မျှော်လင့်လျက် ရှိကြောင်း သူမက ပြောပါသည်။

ဒေလီသည် ဘင်္ဂလားဒေ့ရှ်တွင် Sheikh Hasina အစိုးရ တက်လာပြီးနောက်ပိုင်းတွင် အိန္ဒိယ အရှေ့မြောက်ရှိ သူပုန်များ နှိမ်နင်းရာတွင် ပူးပေါင်းဆောင်ရွက် နိုင်သဖြင့် ဝမ်းမြောက်ကြောင်း ဆိုပါသည်။ Rajkhowa လက်နက်ချ အဖမ်းခံခြင်းသည် အဆိုပါ ပူးပေါင်းဆောင်ရွက်မှု၏ နမူနာ ဖြစ်ကြောင်း ဖော်ပြထားပါသည်။ Hasina သည် ယခုလ နှောင်းပိုင်းတွင် ဒေလီသို့ လာရောက် လည်ပတ်မည် ဖြစ်ပြီး အဆိုပါကိစ္စကို ရှေ့ဆက် ဆွေးနွေးလိမ့်မည် ဖြစ်ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment