Transparency Myanmar

transparency.myanmar@gmail.com

Xinhua News, 4 Dec 2009

          ဆော်ဒီအာရေဗျ ဖွံ့ဖြိုးမှုရန်ပုံငွေ (The Saudi Development Fund ) သည် မြန်မာနိုင်ငံသို့ အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၈ သန်း ထောက်ပံမည်ဖြစ်ကြောင်း သောကြာနေ့က မြန်မာနိုင်ငံ မှ ရန်ကုန်တိုင်း အပတ်စဉ်ထုတ် စာစောင်တွင် ဖော်ပြထားပါသည်။ အဆိုပါ ချေးငွေကို ဆည်မြောင်း ကဏ္ဍတွင် အသုံးပြုမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          အဆိုပါချေးငွေသည် ဆော်ဒီအာရေဗျမှ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ချေးငွေဖြစ်ပြီး လာမည့်နှစ် အစောပိုင်းတွင် စတင်မည့် ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်ရှိ ကညာရေလှောင်တမံစီမံကိန်း တွင် အသုံးပြုမည်ဖြစ်ပါသည်။

          အစီရင်ခံစာအရ အဆိုပါ စီမံကိန်းတွင် အသုံးပြုမည်ဖြစ်ပါသည်။

          အစီရင်ခံစာအရ အဆိုပါ စီမံကိန်းပြီးပါက လယ်ဟက်တာ ၁၀၀၀၀ အား ရေးပေးဝေနိုင်မည်ဟု ဆိုပါသည်။

          မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့သည် လွန်ခဲ့သော လေးနှစ်ကမှ သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်းဖြစ်ပြီး အခြားတရားဝင်စီးပွားရေး အဆက်အဆံများမရှိခဲ့ပါ။ သို့သော်မြန်မာနိုင်ငံမှ ပင်လယ်အစားအစာများ၊ ကျောက်မျက်များ၊ သစ်နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို ဆော်ဒီသို့ တင်ပို့ပြီး၊ ဆော်ဒီမှာ ဆေးပစ္စည်းများ၊ ဖျော်ရည်များ ဓာတ်မြေသြဇာများနှင့် ရေနံထုတ်ကုန်များ ပြန်လည်တင်ပို့ကြောင်း ယခင်အစီရင်ခံစာများက ဆိုပါသည်။

          ပြီးခဲ့သည့် နှစ်မေလက မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်သူသည် ဆော်ဒီအာရေဗျသို့ သွားရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စများနှင့် မြန်မာအလုပ်သမားများအတွက် ဆော်ဒီ အာရေဗျတွင် အလုပ်အကိုင် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          ဆော်ဒီအာရေဗျနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၂၀၀­­­­၄ သြဂုတ်လတွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ၂၀၀၅ ဒီဇင်ဘာတွင် ရန်ကုန်တွင် သံရုံးဖွင့်ခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment