Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy,28 Nov 09

နာမည်ကြီး တေးဂီတ ပညာရှင် ဝင်းမော်နှင့် သူငယ်ချင်း ၂ ဦး ဖြစ်သော မြတ်စံ၊ အောင်အောင်တို့ကို ရန်ကုန်မြို့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ထိုင်နေခိုက် အင်္ဂါနေ့က ဖမ်းဆီးသွားခဲ့သည်ဟု ဗုဒ္ဓဟူးနေ့ သတင်းများအရ သိရှိရသည်။

ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် ကျရောက်သော လူ့အခွင့်အရေး တွင် လှုံ့ဆော်ရန် စီစဉ်နေသည်ဟု သံသယရှိသူ လူ့အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေး အဖွဲ့ဝင်တစ်ဦး ဖြစ်သော အောင်ဇော်ဦးကို ထိန်းသိမ်းပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Amnesty International က ဖမ်းဆီးမှုများကို ပြစ်တင် ရှုံ့ချလိုက်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ ဖွဲ့စည်းခွင့်များအပေါ် စနစ်တကျ ဖိနှိပ် ချုပ်ချယ်နေသော မြန်မာအစိုးရ၏ လုပ်ရပ်အချို့ ဖြစ်၍ အပြောနှင့် အလုပ် ကိုက်ညီခြင်း မရှိဟု ဝေဖန်လိုက်ပါသည်။

အင်္ဂါနေ့က ဖမ်းဆီးခဲ့သူ ၃ ဦးအနက် ၂ ဦးမှာ နှစ်ရှည် ထောင်ဒဏ် ကျခံဖူးသူများ ဖြစ်သည်။ ၁၉၉၀ ခုနှစ်များက ထိပ်တန်း မြန်မာ တေးဂီတဝိုင်း ဖြစ်သော ရွှေသံစဉ် တေးဂီတ အဖွဲ့၏ လိဒ် ဂစ်တာသမား ဝင်းမော်ကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ထောက်ခံသော သီချင်းများ ရေးသားမှုဖြင့် ၁၉၉၇ တွင် ထောင်ဒဏ် ၇ နှစ် အပြစ်ပေးခဲ့ပြီး  ၂ဝဝ၃ တွင် လွတ်မြောက်ခဲ့ပါသည်။

၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး တာဝန် ပူးတွဲယူခဲ့သူ သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့ဝင် မြတ်စံမှာမူ ၁၉၉၁ တွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသော ဆန္ဒပြမှုတွင် ပါဝင်မှုဖြင့် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံရပြီး ၂ဝဝ၅ ၌ တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာပါသည်။

လတ်တလော ဖမ်းဆီးမှုများကို ပြင်းထန်စွာ အပြစ်တင် ရှုံ့ချသော အစီရင်ခံစာကို Amnesty International က ထုတ်ပြန်ခဲ့ရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ၂ လအကြာထိ မတရား ဖမ်းဆီးမှုများ လျော့မသွားဘဲ ဆက်လက် ပြုလုပ်နေခြင်းသည် လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်များကို စနစ်တကျ ဖိနှိပ် ချုပ်ချယ်နေသော မြန်မာအစိုးရ၏ လုပ်ရပ်များ ဖြစ်ပြီး ပုံမှန် အနေအထားသို့ ပြန်ရောက်နေပြီဟု အစိုးရ၏ ပြောဆိုမှုနှင့် ကွဲလွဲ ဆန့်ကျင်နေသည်ဟု ဖော်ပြထားပါသည်။

Amnesty International ၏ အာရှ - ပစိဖိတ် အစီအစဉ် ညွှန်ကြားရေးမှူး Catherine Baber ထုတ်ပြန်သော အစီရင်ခံစာတွင် နိုဝင်ဘာလဆန်းက ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ နှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ နောက်ထပ် ဖမ်းဆီးမှုများ မလုပ်တော့ပါဟု အာမခံခဲ့သည်ကို ထောက်ပြ ဝေဖန်ထားပါသည်။

တပ်မတော်အစိုးရက ပြောဆိုသော ပုံမှန်အနေအထားဆိုသည်မှာ ကျယ်ပြန့်သော စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မီဒီယာများ သတိမထားမိအောင် ပြန်လည် ပြုလုပ်ရေးသာ ဖြစ်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ဤအနေအထားကို နောက်ထပ် သည်းမခံနိုင်တော့ပါဟု Baber က မှတ်ချက်ပေးပါသည်။

၂ဝဝ၇ စက်တင်ဘာ ဆန္ဒပြပွဲ ကာလတွင်းနှင့် ကာလအပြီး  ဖမ်းဆီးခဲ့သော နိုင်ငံရေး အကျဉ်းသား ၇ဝဝ မှာ အကျဉ်းကျခံနေရဆဲ ဖြစ်ပြီး ဆန္ဒပြပွဲ မတိုင်ခင်ကပင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၁၁၅ဝ ခန့်မှာလည်း အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်ဟု Amnesty International က ဖော်ပြထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment