Transparency Myanmar

transparency.myanmar@gmail.com

Burmanet.org,4 Dec 09

ထိုင်းနိုင်ငံတွင် တာဝန်ကျနေသော ထိုင်ဝမ် တာဝန်ရှိ ပုဂ္ဂိုလ် ၂ ဦး မြန်မာနိုင်ငံသို့ သောကြာနေ့က လာရောက်ခဲ့ပြီး လွန်ခဲ့သော နှစ်ပတ်က ဖမ်းဆီးထားခဲ့သော ငါးဖမ်းသင်္ဘောများမှ ထိုင်ဝမ်ရေလုပ်သား ၄ ဦးနှင့် တွေ့ဆုံခဲ့ပါသည်။

ထိုင်ဝမ်ရေလုပ်သားများ မည်သည့် ဥပဒေ ဖောက်ဖျက်မှုမျိုးကို ကျူးလွန်ခဲ့သည်ဆိုသော အချက်ကို တာဝန်ရှိ ပုဂ္ဂိုလ်များက ရှာဖွေမည် ဖြစ်၍ လိုအပ်သော အကူအညီများလည်း ပေးအပ်မည်ဟု ထိုင်းနိုင်ငံရှိ ထိုင်ပေ စီးပွားရေးနှင့် ယဉ်ကျေးမှုရုံး (TECO) ၏ ပြောကြားချက်အရ သိရှိရပါသည်။

ငါးဖမ်းသင်္ဘော ၄ စင်းပေါ်တွင် အလုပ်လုပ်နေသော ရေလုပ်သားများကို မြန်မာအာဏာပိုင်များက နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ သီးသန့် စီးပွားရေး နယ်နိမိတ်ဇုန်အတွင်း ဝင်ရောက်လာသောကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပုံရပါသည်။

အဆိုပါ သတင်းကို ရလျှင်ရချင်း ပြဿနာကို ကူညီ ဖြေရှင်း ဆောင်ရွက်ရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်များ စေလွှတ်ရန် ထိုင်ဝမ်က ဆုံးဖြတ်ခဲ့ပါသည်။ ထိုင်ဝမ်အရာရှိများအတွက် ပြည်ဝင်ခွင့် ဗီဇာကို မြန်မာအာဏာပိုင်များက ကြာသပတေးနေ့တွင် ထုတ်ပေးခဲ့ပြီးနောက် ယခု ခရီးစဉ်ကို စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါသည်။

ထိုင်ဝမ် အရာရှိများ မလာရောက်နိုင်မီ အတောအတွင်း အဖမ်းဆီးခံ ရေလုပ်သားများ၏ နေ့စဉ်လိုအပ်မှုများကို ကူညီပေးရန် မြန်မာနိုင်ငံရှိ ထိုင်ဝမ် လုပ်ငန်းရှင်များကို TECO (ထိုင်းနိုင်ငံ) က အကူအညီ တောင်းခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment