Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Lawi Weng,4 - Dec - 2009

          ဥရောပသမဂ္ဂအဖွဲ့ဝင်များအနက် အချို့အဖွဲ့ဝင်များ၏ ခေါင်းဆောင်များသည် တနင်္လာနေ့ တွင် ကိုပင်ဟေဂင်၌ ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ကောင်း တွေ့လိမ်မည်ဖြစ်ပါသည်။

          ဆွီဒင် အာဏာပိုင်များ၏ အဆိုအရ EU ခေါင်းဆောင်များနှင့် မြန်မာဝန်ကြီးချုပ်တို့တွေ့ဆုံမှု သည် EU ၏ မြန်မာနိုင်ငံနှင့် မဆက်ဆံရေးမူဝါဒကို ပြောင်းလဲသည့်အချက်ပြလိုက်ခြင်းဖြစ်ပြီး အမေရိကန်၏ စစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံမည့် မူဝါဒနှင့် ထပ်တူညီမှုရှိမည်ဖြစ်ပါသည်ဟု ဆိုပါ သည်။

          EU အလှည့်ကျ ဥက္ကဌ ဆွီဒင်နိုင်ငံမှ တာဝန်ရှိသူများက The European Voice mline သို့ ပြောကြားရာတွင် မည်သည့် EU ခေါင်းဆောင်များနှင့် မြန်မာဝန်ကြီးချုပ်တို့တွေ့တွေ့ဆုံမည်ဆိုသည် ကို ဆွေးနွေးလျက်ရှိသည်ဟုဆိုပါသည်။

          တရပ်ဆဲလ်ရှိ Euro-Burma Office မှ အမှုဆောင်ဒါရိုက်တာ Ham Yawnghwe က ဧရာဝတီ သို့ သောကြာနေ့က ပြောကြားရာတွင် EU ခေါင်းဆောင်များနှင့် သိန်းစိန်တို့တွေ့ဆုံမှုသည် အပြုသဘောဆောင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဥရောပကော်မရှင်သည် အမေရိကန်ကဲ့သို့ပင် ၎င်းတို့မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှု မူဝါဒကို ပြောင်းလဲမည်မဟုတ်ပဲ မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံရန် ကြိုးစားကြ မည်ဖြစ်သည်ဟု ၎င်းကဆိုပါသည်။ လာမည့် ဒီဇင်ဘာလ ၇-၈ ရက်များတွင် EU နိုင်ငံခြားရေးဝန်ကြီး များသည် ဘရပ်ဆဲလ်၌ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးကြမည်ဖြစ်ပါသည်။

          အချို့ EU အဖွဲ့ဝင်နိုင်ငံများသည် မြန်မာအစိုးရနှင့် ဆက်ဆံရေး ကိစ္စကို ထောက်ခံရန် လေသံ ပစ်ထားကြပြီးဖြစ်ပါသည်။ သဘောထားကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ထားခဲ့သည့် ပြင်သစ်သည် မြန်မာနိုင်ငံနှင့် နိုင်ငံပေါင်းစုံကုမ္ပဏီများကြားတွင် အရေးကြီးသော စီးပွားရေးပါဝင်ပတ်သက်မှုရှိနေပါ သည်။ ပြင်သစ်၏ စွမ်းအင်ကုမ္ဂဏီ Total သည် အထင်ကရဖြစ်ပါသည်။ တိုင်းပြည်၏ အခြားစီးပွားရေး များဖြစ်သော သဘာဝဓာတ်ငွေ့၊ သစ်နှင့် ကျောက်မျက်ကဏ္ဍများတွင်လည်း ပါဝင်ပတ်သက်မှုများရှိ နေပါသည်။

          မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စများကို လှုပ်ရှားသူများကလည်း အမေရိကန်၏ မူဝါဒသစ်ကို ထောက်ခံခဲ့ကြပါသည်။

          EU နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုများကို သုံးသပ်ပြီး EU ၏ စီးပွားရေးပိတ်ဆို့မှုများကို နောက်ထပ်တစ်နှစ်ထပ်တိုးရန် ဧပြီလ ၂၇ ရက်နေ့က ဆုံးဖြတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ နိုင်ငံရေးတွင် နိုင်ငံတကာမှ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများပြုလုပ်ရန် တောင်းဆိုမှု လိုအပ်ခြင်း၊ အမျိုးသား ပြန်လည်စည်းလုံးရေး လုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂနှင့် ဆက်သွယ် ဆောင်ရွက်ရန် ပျက်ကွက်ခြင်းတို့ကြောင့် အရေးယူမှုများကို ထပ်မံတိုးမြှင့်ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

          EU ဖော်ပြသော မြန်မာနိုင်ငံအတွက် ရည်မှန်းချက်များမှာ မြန်မာနိုင်ငံတွင် တရားဝင် အရပ်သား အစိုးရဖြစ်ပေါ်ရေးအတွက် ငြိမ်းချမ်းသော အသွင် ကူးပြောင်းရေးကာလ ဖြစ်စေရေးနှင့် တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုရေး အခြေအနေများ တိုးတက်မှု ရစေရေးဖြစ်ပါသည်။

          တချိန်တည်းတွင် EU သည် မြန်မာစစ်အစိုးရအား ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲအား အများလက်ခံ၍ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲဖြစ်စေရေးနှင့် နိုင်ငံတကာစံများကို အခြေခံရန် အားလုံးပါဝင်စေရန် တိုက်တွန်းထားပါသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးလွှတ်ပေးရန်လည်း တောင်းဆိုထားပါသည်။

          ၁၉၉၆ ကတည်းက EU သည် မြန်မာနိုင်ငံကို သာမန်အဆင့်ကိုင်တွယ်မှုများသာ ပြုလုပ်ခဲ့ပါ သည်။ သို့သော် ၂၀၀၇ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုများကို အစိုးရက ဖိနှိပ်မှုများအပြီးတွင် EU သည် မြန်မာအာဏာပိုင်များကို ဥရောပနိုင်ငံများသို့ ခရီးသွားလာခွင့်ကန့်သတ်ခြင်း၊ လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ခြင်း၊ အာဏာပိုင်များနှင့် ၎င်းတို့၏ စီးပွားရေး ပါတနာများကို ဥရောပတွင် ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားခြင်းစသည့် အရေးယူမှုများကို တိုးမြှင့်ပြုလုပ်ခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment