Transparency Myanmar

transparency.myanmar@gmail.com

http://myanmarcupid.net">myanmarcupid.net မှ ခွင့်မတောင်းဘဲ ကူးယူဖော်ပြသည်။

ဒီ သတင်းမျိုး ရေးရတာ က သိပ် တော့ အား မရှိပါဘူး ။
အရင် ရက်တွေ က ရေးဘော် ရေးဘက်တွေ တင်တဲ
ဒီ လို မျိုး တခြား သတင်းတွေ လည်း အများကြီး ရှိပါတယ်။
သို့ပေမဲ့ တကယ် လက်တွေ့ ဖြစ် မလာ တာ က များပါတယ်။
လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲ အတွက် အခု ကြား ရ တာ လေး ရေးပြတာပါ။
အခုရက်ပိုင်း တော့ ၊ ဘာ ဒသင်း မှ ထူး လာ မှာ ၊ ဟုတ် တေး ၀ူး တဲ့ ဂျ။
လာမဲ့ နောက် နှစ် ၊ သင်္ကြန် အပြီး ၊ အေပြီ လ ကျ မှ ၊ စ ကြေငြာ မှာတဲ့ ဂျ ၊
အဲဒီ အခါ ကျ မှ ဥပဒေ တွေ ဘာ တွေ ထုတ်ပြီး ၊ ရွေးကောက်ပွဲ ကော်မရှင် တွေ
ဖွဲ့ ကြ မှ တဲ့ ဂျ ။ အစိုးရ အဖွဲ့ က လဲ အသစ် လိုလို ၊ ခနဘန်း အစိုးရ လိုလို ၊
ကြီးကြပ်ရေး အစိုးရ လိုလို ၊ အိမ်စောင့် အစိုးရ လိုလို ၊
နောက် တခါ ပြန် မခန့် ၊ ရာထူး မရ တော့ မဲ့ ၊ လူကြီး တွေ နဲ့ ဘဲ
ဝန်ကြီးဌာန ၂ခု ၃ ခု ကို ၀န်ကြီးလိုလို ၊ စုပေါင်းဝန်ကြီး လိုလို နဲ့ ၊ ဘတ် ဂျက် ရီယား
အသစ် ၊ဖွဲ့စည်းပုံ အသစ် တွေ နဲ့ ခန ထား ခဲ့ ကြ မှာ တဲ့ ဂျ ။
ဟို ရွေးကောက်ပွဲကြီး က တော့ နှစ်ကုန် ခါနီး ၂၀၁၀ ၊ ဒီဇင်ဘာ လ မှ လုပ် ကြမှာ တဲ့ခင် ဂျ။
အဲ ဂ လို ကြား ရ တာ ဘဲ ခင် ဂျ ။
ဗိုလ်ချုပ်မှူးကြီး က ပြောပါသေးတယ်၊ သူခိုးဗိုလ်ချုပ် သူခိုး ဝန်ကြီး တွေတော်လောက် ပါပြီတဲ့ဂျ ၊ ဦးအောင်သောင်းတို့၊ ဗိုလ်ချုပ်ရှစ်လုံး တို့၊ ဦးကျော်ဆန်း တို့ပေါ့ ခင်ဗျာ- အာဏာ သုံးတာ တော်လောက်ပြီတဲ့ ဂျ (ဗိုလ်ချုပ်ရှစ်လုံးကို ပြောတာ)၊ စည်းရုံးရေး နည်းနဲ့ဘဲ သွားကြမယ်တဲ့ ဂျ၊
အခု တလော ၊ အစိုးရ က မီဒီယာ ကို သိပ် ဂရုစိုက် ပါတယ်။
မီဒီယာ က ကြို ပြီး သတင်း ရေးတာ ၊ ဝေ ဖန် တာ လုပ် ရင် ၊ အဲဒီ သတင်း အတိုင်း
လိုက် မလုပ်တော့ ပါဘူး ၊ မ တူ တဲ့ တ မျိုး ပြောင်း ပြီး လုပ် ပစ် လိုက်ပါတယ်။
ဒါကြောင့် အပေါ် က သတင်း ကို ၊ အရေး မကြီး တဲ့ သတင်း လို ခလေး ပြောနည်း နဲ့ ၊
ပေါ တော တော သတင်းဖြစ် အောင် ၊ စကား ကို ပီ သ အောင် မပြော လိုက်တာ ပါ။
သီးခံ ဖတ်ရှု ကြပါ ခင်ဗျာ ။
ဗမာပြည် မှာ ဘီဘီစီ ၊ အာအက်အေ ၊ ဗွီအိုအေ ပုံမှန် စွဲစွဲ မြဲမြဲ နားထောင်တဲ့
ပရိတ် သတ် က တော့ အစိုးရ ပါဘဲ ၊ ဒီ လို ရှိ သမျှ နားထောင် ပြီး ၊
အစီရင်ခံစာ တွေ ၊ နေ့စဉ် တင် ရတဲ့ ဌာန တွေ ကို ၂၀ လောက် ရှိပါတယ် ၊ ရှိ သမျှ လုံးစေ့
ပါတ်စေ့ အကုန်ရေးပြီး တင် လိုက် ရ တဲ့ အစီရင် ခံစာ က တနေ့ ကို ၃ ပိသာ အထက် မှာ
ရှိပါတယ်။
ရှိ သမျှ ၀က်ဆိုဒ်တွေ ၊ သတင်းဌာန တွေ ဒီဗွီဗွီ ၊ ဧရာဝတီ ၊ မိုးသီးဇွန် ၊ နစ်နေမန်း ၊
ခေတ်ပြိုင် ရှိ သမျှ အကုန်ဖတ် ဘို့ ၊ သတင်းတပ်ဖွဲ့ တွေ တောင် တာဝန်ပေးထား
ပါတယ်။
ဖိုရမ်တွေ ဘလောက် တွေ ကို လဲ ဒီ အတိုင်းပါဘဲ ၊
ဒီ လို မြန်မာ ကျူးပစ် ဇိုရမ်ကြီး ကို မဆိုထား နဲ့ ၊ ၀ါသနာ ပါလို့ ကိုယ့်
စိတ်ကြိုက် ကိုယ် ရေးနေကြတဲ့ ပါစင်နယ် ဘလောက် အသေး လေး တွေ ကို ပါ အကုန်ဖတ် ပြီး ကူး
ပါတယ်။
ဝန်ထမ်း တွေ နဲ့ ပါတ်သက်လို့ ဘီဘီစီ မှာ သတင်း ပြောတာ ကြေငြာတာတွေ ပါလာ ရင်
ပြန်လှန် လျောက်လဲ ချက် မရှိ ၊ သေ ပေ တော့ ဘဲ ၊ ဒီ ကောင် ကို ဖြုတ် ပစ်
လိုက်တော့ တွေ့ လား ၊ ဟို မှာ ဘီဘီစီ က တောင် ပြော နေပီး ၊ တန်း ပြီး ၊
အရေးယူတော့တာပါ။
ဘီဘီစီ က လဲ သူ့ ထံ ရေး လာ တဲ့ စာ တွေ ကို ဖတ်ပြယုံ ဘဲ ဖတ်ပြတာပါ။
ဘီဘီစီ က လဲ ဒီ မြန်မာပြည် မှာ နေတာ ၊ ကိုယ်တိုင်တွေ့ တာ မှ မဟုတ်တာ ပါ။
ဒီကနေ့ ၊ သတင်းစာ နောက်ကြော တွေ မှာ စာလုံး အကြီးကြီးတွေ နဲ့
ဘီဘီစီ ညာနေသည်။ အာအက်အေ ရန်တိုက်ပေးနေသည်။ ဗွီအိုအေ ဘာ ဖြစ်နေသည်
လို့ သာ တခန်း တနား ရေးထားတာပါ ၊ လက် တွေ့ ကျ တော့ ၊
ဟို က ဘာ သတင်း ကို ဘဲ ပြော လိုက် ၊ ပြော လိုက် ၊
ဒီ က လူတွေ ၊ အစိုးရ မင်း တွေ ၊ က သဲ သဲ လှုပ် ဖြစ် နေ ကြ တာ ပါ ဘဲ ၊ ခင်ဗျာ ။
ကျွန်တော် တို့ ဆီ က တချို့ လူတွေ က လဲ မကောင်း ဘူး ခင် ဗျ။
ကိုယ့် ရွာ က ကျောင်း ဆရာ ကို ကြည့် မရ ရင် ဘီဘီစီ ကို စာ ရေး ၊
ကိုယ့် မြို့ က မြူ နီ စပါယ် မင်း ကေု ဆော် ချင် ရင် လဲ ဘီဘီစီ ကို လှမ်း
အော်လိုက် နဲ့၊
အတော် လဲ ဟုတ် နေ ကြ ပေါ့ ဗျာ။
အင်း ပေါ့ လေ ၊ ကိုယ် ပြည် တွင်း က ရ နိုင် တဲ့ သတင်း က လဲ မယုံ ရ ဆိုတော့
ဟော ဒီ မှာ ၊ ဘီဘီစီ မှာ ပါ လာ ပီ။ အာအက်အေ က တောင် ပြော နေပီ ၊
အင်တာနက် ပေါ် မှာ ရေး ထား တယ် ဆိုတာ နဲ့ အရင် ဆုံး က ၊ ဟုတ် နိုးနိုးထင်
ရတော့ပါ။
အင်း ရွေးကောက်ပွဲ သတင်း ရေးရင်း နဲ့ ၊ငယ်ငယ်တုံး က စီးခဲ့ ရတဲ့
ဘတ်ကားကြီးတွေ သတိရ မိ ပါ တယ် ဗျာ ၊ ဘတ်ကားကြီး တွေ ဆိုတာ ၊ ကျွန်တော် တို့
ပါတ်ဝန်းကျင်မြို့ အချင်းချင်း ၊ သိပ် မဝေးပါဘူး ၊ ၁၅ မိုင် ၀န်းကျင်လောက် ဘဲ ပြေး တာပါ။
ကား ခေါင်း မှာ ( သတိ ၊ ဆီ လေ ရေ ၀ိုင် ) ၊ ဒါ က ဒရိုင်ဘာ နဲ့ စပယ်ယာ
အတွက် နေ့စဉ် စစ်ဆေးဘို့ သတိပေးထားတာပါ။
ခရီးသည် အတွက် က တော့ ( ထ သွား ပြန် ကြည့် ၊ သတိရှိ )
( ရောက် ချိန် မေး ခြင်း သီး ခံ ပါ ) တဲ့ ခင်ဗျ။
ဘတ်ကားကြီး တွေ က အဟောင်းတွေ ဆိုတော့ ၊ ကား က ယိုင် နဲ့ နဲ့
အင်ဂျင် က ဖွတ် ချက် ဖွတ် ချက် ၊ တာ ယာ က အဟောင်း ၊ ဂီယာ က ဒုတ်ထောက်
ဘရိတ် က နင်း ရင် ၊ အကြိမ် သက်စေ့ နင်း ရ ဆိုတော့ ၊
လမ်း မှာ ကား က ခန ခန ပျက် လွန်း လို့ မကြာ ခန ရပ် ရ ပါတယ်။
ဒရိုင်ဘာတွေ အယူသီး တာ က ခရီးသည် က ဘယ် အချိန် ရောက် မလဲ မေးတာ ကို
ဖြေလိုက်မိရင် ၊ အဲဒီ အချိန် ကို ၊ ဘယ် တော့ မှမရောက် တော့ ပါဘူး၊ ဒီ ထက်
နောက် ကျ ပြီး မှ ရောက် တတ် ပါတယ် ၊ ဒရိုင်ဘာ ယူဆ တာက ၊ ရောက် မဲ့ အချိန်
ကို နတ် တွေ က သိသွား လို့ ၊ မရောက် နိုင် အောင် ၊ ကား ကို နတ် က ပျက်အောင် လုပ်
ပြီး ၊ နတ် လှည့် စား တာ ခံ ရ တယ် လို့ အ ယူ သီး ကြ ပါတယ်။
ခု အချိန် ထိ ၊ အညာ မှာ ဘတ်ကား စီး လို့ ၊ ဘယ် အချိန် ရောက် မှာ လဲမေး
မိ ရင်၊ ဒ ရိုင် ဘာ က ဒီ လို ရောက်ချိန် ၊ လာမေး တဲ့ ခရီးသည် ကို ၊ ဒေါ ပွ လို့ ၊
မဆုံး ပေါ့ ဗျာ။
ခု လဲ ၊ ရွေး ကောက် ပွဲ ၊ ဘယ် အချိန် လုပ် မှာ လဲ ၊ မ မေး ၀န့် တော့ ပါ ခင် ဗျာ ။
ကား က ယိုင် နဲ့ နဲ့ အင်ဂျင် က ဖွတ် ချက် ၊ ဖွတ် ချက် ၊တာ ယာ က အဟောင်း ၊
ဂီယာ က ဒုတ်ထောက် ဘရိတ် က နင်း ရင် ၊ အကြိမ် သက်စေ့ နင်း ရ ဆိုတော့ ၊
( ရောက် ချိန် မေး ခြင်း သီး ခံ ပါ ) တဲ့ ခင်ဗျား ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment