Transparency Myanmar

transparency.myanmar@gmail.com

www.ingowatch-myanmar.blogspot.com မှခွင့်မတောင်းဘဲ ကူးယူဖော်ပြသည်။

ဒီဇင်ဘာလ ၂ ရက်နေ့က လန်ဒန်တွင် ဗမာပြည်အပေါ် စီးပွားရေး ပိတ်ဆို့မှုအား
ရုပ်သိမ်းရန် အချိန်ကျပြီ ဆိုသည့် ခေါင်းစဉ် It is time to lift
sanctions against Burma ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ရာ Sanctin
ရုတ်သိမ်းရေးကို ထောက်ခံသည့် မဲအရေအတွက်သည် ကန့်ကွက်သည့်မဲကို အရေအတွက်
ထက်ဝက်ကျော်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲ လုပ်နေသည်ကို အင်တာနက်ပေါ်မှ တိုက်ရိုက် ကြည့်ရှူနိုင်ပြီး
တိုက်ရိုက် မဲပေးနိုင်ခဲ့ကြောင်း၊ ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ကြားနေမဲ
၃မျိုး ၃စား ရှိပြီး၊ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းမှုကို
ထောက်ခံသည့်ဖက်မှ 33.9 %၊ ကန့်ကွက်သည့်ဖက်မှ 65.3 % ၊ မပြောတတ်ပါဆိုသည့်
ကြားနေမဲမှ 0.8 % ရရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း
ဦးသန့်၏ မြေးဖြစ်သူ သမိုင်းပညာရှင် ဦးသန့်မြင့်ဦး၊ Dr Frank Smithuis
နှင့် Derek Tonkin တို့ ၃ ယောက်က စီးပွားရေးရုပ်သိမ်းရန် အဆိုဖက်က
ဆွေးနွေးခဲ့ပြီး၊ မြန်မာ့ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော
Burma Campaign UK မှ Mark Farmaner, Christian Solidarity Worldwide မှ
Benedict Rogers, Human Rights Watch's Asia Division မှ Brad Adams
တို့ ၃ ဦးက စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး မလုပ်သင့်သေးကြောင်း
အချေဖက်က ဆွေးနွေးသွားခဲ့သည် ဟု သိရသည်။

ဆွေးနွေးပွဲမစတင်မီက ထောက်ခံမဲပေးသည့် အရေအတွက်သည် ကန့်ကွက်မဲထက်
ထက်ဝက်ကျော် အရေ အတွက်ဖြင့် အသာစီးရနေ ခဲ့သော်လည်း
ဆွေးနွေးပွဲအပြီးရလာဒ်သည် ပြောင်းပြန်ဖြစ်ခဲ့သည်ကိုတွေ့ရသည်။

ကျွန်တော်တို့သည် မျက်မှောက်ခေတ် နိုင်ငံတည်ဆောက်ရေးကို
အထူးစိတ်ဝင်စားကြသည့်အလျှောက် စိတ်တူ ကိုယ်တူသူငယ်ချင်းများစုဖွဲ့၍
ဆွေးနွေးတိုင်ပင်နှီးနှောခြင်း၊ စုပေါင်း၍ research လုပ်ခြင်း
များလုပ်လေ့ရှိကြပါသည်။

အထက်ပါ အွန်လိုင်းမှ တိုက်ရိုက်မဲပေးခြင်းနှင့် စပ်လျဉ်း၍ အင်တာနက်
မသုံးနိုင်သူ ပြည်သူအများစု၏ သဘောထားကို သိရှိနိုင်ရန် လက်လှမ်းမီသ၍
ယခုကိစ္စကို မေးခွန်းများ လိုက်မေးကြည့်ပါသည်။တွေ့ရှိရသည့်
အချက်အလက်များမှာ မယုံကြည် နိုင်လောက်အောင်ပင် စိတ်ဝင်စားစရာ
ကောင်းလှပါသည်။

ကျွန်တော်တို့မေးခဲ့သည့် မေးခွန်းသုံးမျိုး ရှိပါသည်။ ယင်းတို့မှာ..

(၁) Sanction ရှိခြင်းသည် ပြည်သူလူထု၏ ဘဝကို ပိုမိုဆိုးဝါးစေသည် ဟု
ယူဆပါသည်။

(က) Yes 67.7%

(ခ) No 13.5%

(ဂ) Don't know 17.8%

(၂) Sanction ရှိခြင်းဖြင့် ဗိုလ်ချုပ်ကြီးများ၏ ကိုယ်ကျိုးစီပွားကို
ထိန်းချုပ်နိုင်သည်ဟု ယူဆပါသည်။

(က) Yes 10.6%

(ခ) No 69.3%

(ဂ) Don't know 20.1%

(၃) Sanction ကို ထောက်ခံခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို
ထောက်ခံရာရောက်ပါသည်။

(က) Yes 20.7%

(ခ) No 11.2%

(ဂ) Don't know 68.1%

ကျွန်တော်တို့သည် အထက်ပါမေးခွန်းများကို လူ ၃၁၀ သို့
မေးမြန်းခဲ့ပြီး Margin of error မှာ ± ၅.၅ % ဖြစ်ပါသည်။

အထက်ပါမေးခွန်းသုံးခု အပြင် လိုအပ်သည်ထင်၍
ကျွန်တော်တို့ထပ်မံ ဖြည့်စွက်ခဲ့သည့် မေးခွန်းမှာ ……

(၄) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် စစ်တပ် အုပ်ချုပ်မှုကို
ပြည်သူလူထုမှ အဆုံးသတ်စေလိုခြင်းရှိ၊မရှိ

(က) Yes(အဆုံးသတ်စေလိုပါသည်) 92.48%

(ခ) No(အဆုံးမသတ်စေလိုပါ) 5.42%

(ဂ) Don't know(မသိပါ) 2.1%

အထက်ပါရလာဒ်များကိုကြည့်ပါက ပြည်တွင်း၌ လက်ရှိနေထိုင်သူများ၏
သဘောထားနှင့် ပြည်ပေရောက် မြန်မာ့အရေးလိုလားသူဟု ယူဆရသော အင်တာနက်
အွန်လိုင်းမဲပေးသူများ၏ သဘောထားမှာ အဖြူနှင့် အမဲ ကဲ့သို့ လားရာ
ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့မြင်ရပါသည်။

ကျွန်တော်တို့ မေးထားသော သူများသည် ပြည်တွင်း၌ ရှိသော
လူအများစုကို ကိုယ်စားမပြုဟု ပြောဆိုနိုင်ပါသည်။သို့သော်
ဖြေဆိုသူများအားလုံးသည် မြန်မာ့နိုင်ငံရေးကို
စိတ်ဝင်တစားဖြေဆိုထားသည်ကတော့ အသေအချာ ဖြစ်ပါသည်။

လွတ်လပ်သည့် ကမ္ဘာတွင် နေထိုင်နေကြသည့် မြန်မာ့အရေး
လိုလားသူများဟု ပြောဆိုနေကြသူများနှင့် ကျွန်တော်တို့ ပြည်တွင်းနေ
စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် နေထိုင်သောသူများတွင် ကွာခြားနိုင်သော
အချက်မှာ Value System ကွာခြားမှု ဖြစ်မည်ဟု ထင်ပါသည်။

ယခုကဲ့သို့ ကောက်ချက်ချ ရခြင်းမှာ စစ်အာဏာရှင်လက်အောက်တွင်
နေထိုင်လိုခြင်းမရှိသည်မှာ အသေအချာ တွေ့ရှိရသောကြောင့် ဖြစ်ပါသည်။

ဤတွေ့ရှိချက်များကို အခြေခံ၍ ကောက်ချက်ချရပါက လွတ်လပ်သည့်
ကမ္ဘာတွင်နေထိုင်၍ နိုင်ငံတကာမှ လက်ခံထားသည့်၊ မြန်မာနိုင်ငံသားများ
လက်လှမ်းမမှီ ခံစားခွင့်မရှိသည့်၊ Value System အခြေခံသည့် မူဝါဒများ
ချမှတ်သည့် အခါတွင် ပြည်တွင်းရှိ ဒုက္ခပင်လယ်ဝေနေကြသည့် ပြည်သူလူထု
အများစုအတွက် ရေနစ်သူ ဝါးကူထိုးသည့် မူဝါဒမျိုး ချမှတ်သကဲ့သို့
မဖြစ်စေရန် သတိပြုဖို့ လိုအပ်သည်ဟု ကျွန်တော်တို့ ထင်မိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment