Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သော ရန်ကုန်တွင် A/H1N1 တုပ်ကွေး ကူးစက်သူ ရှစ်ဦး အထိ တွေ့ရှိရကြောင်း အစိုးရပိုင် New Light of Myanmar သတင်းစာ၏ ရေးသား ဖော်ပြချက်အရ သိရပါသည်။

ဒဂုံမြို့သစ် မြို့နယ်သို့ ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါ ထိန်းချုပ်ရေး အဖွဲ့က သွားရောက် စစ်ဆေးရာ ကလေး သူငယ်များသည် A/H1N1 ကူးစက် ခံနေရကြောင်း အဆိုပါ အဖွဲ့က အတည်ပြု ပြောကြားပါသည်။

တုပ်ကွေး ကူးစက်ခံရသော ကလေးငယ်များကို အထူးကု ဆေးရုံတွင် သီးခြား ထားရှိကာ ကုသပေးလျက် ရှိကြောင်း၊ ၎င်းတို့၏ မိဘများကိုပါ ရောဂါ ကူးစက် ခံရခြင်း ရှိ၊ မရှိ စစ်ဆေးလျက် ရှိကြောင်း သိရပါသည်။

A/H1N1 ကူးစက် ခံရသော ရောဂါသည်များမှာ ယခုအခါ အခြေအနေ တိုးတက် ကောင်းမွန်လျက် ရှိသည်ဟု ဆိုသည်။ ယခုလ အစောပိုင်းကလည်း ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် A/H1N1 တုပ်ကွေးရောဂါ ခံစားရသူ ၄ ဦး တွေ့ရှိရပါသည်။ အဆိုပါ ၄ ဦင်္းမှာလည်း ယခုအခါ အခြေအနေ ကောင်းမွန်သွားပြီ ဖြစ်ကြောင်း ကျန်းမာရေး အစီရင်ခံစာအရ သိရသည်။

နိုင်ငံတကာတွင် လွန်ခဲ့သော ၂၀၀၉ ခုနှစ်၊ ဧပြီလ မှ စတင် ဖြစ်ပွားသော အဆိုပါ တုပ်ကွေး ရောဂါကြောင့် မြန်မာနိုင်ငံတွင် ယနေ့အထိ ကူးစက် ခံရသူပေါင်း (အထက် ဖော်ပြပါ ၁၂ ဦး အပါအဝင်) ၈၁ ဦး ရှိကြောင်း စာရင်းဇယားများအရ သိရပါသည်။

မြန်မာနိုင်ငံတွင် A/H1N1 ကူးစက်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ တစ်ဦးမျှ မရှိသေးပေ။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇွန်လက စတင်၍ အဆိုပါ တုပ်ကွေး ကူးစက်ခံရသူ တစ်ဦး ပေါ်ပေါက်ခဲ့သည်။ ထိုသူမှာ စင်ကာပူနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော အသက် ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦး ဖြစ်ပါသည်။

Eight more people found with A/H1N1 in Myanmar ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment