Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, by BA KAUNG, 9th February 2010

မြန်မာ ရေတပ်သည် အိန္ဒိယ သမုဒ္ဒရာ အတွင်း အိန္ဒိယနိုင်ငံမှ ကြီးမှူး ကျင်းပသော လေးရက်ကြာ ရေတပ် စစ်ဆင်ရေး သရုပ်ပြပွဲတွင် သြစတြေးလျ ကင်းလှည့် ရေတပ်ယာဉ်များနှင့် အတူ ပါဝင်ခဲ့ပြီး၊ အဆိုပါ သရုပ်ပြပွဲသည် တနင်္လာနေ့တွင် ပြီးဆုံးခဲ့ပါသည်။ တနင်္လာနေ့က သြစတြေးလျ အစိုးရသည် မြန်မာနိုင်ငံသို့ ပေးအပ်သော လူသားချင်း စာနာထောက်ထားမှု အကူအညီများကို  ၄၀ %  ထိ တိုးပေးခဲ့သည်။

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Stephen Smith က ၎င်းတို့ အကူအညီပေးမည့် ငွေကို သြစတြေးလျ ဒေါ်လာ သန်း ၅၀ ထိ တိုးမြှင့်ရန် လျာထားကြောင်း ကျေညာခဲ့သည်။ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် အသုံးပြုရန် ရည်ရွယ်သော လူသားချင်း စာနာ ထောက်ထားသည့် အကူအညီကို ယခုနှစ်တွင် သြစတြေးလျ ဒေါ်လာ သန်း ၃၀ သတ်မှတ်ထားပြီး၊ လာမည့် နှစ်တွင် သန်း ၅၀ ထိ တိုးပေးမည် ဖြစ်သည်။

ယခုကဲ့သို့ တိုးမြှင့်ပေးခြင်းသည် မြန်မာ စစ်တပ်ကို ဆုလာဒ်ပေးခြင်း မဟုတ်ကြောင်း၊ ယခု မြန်မာ လူမျိုးများနှင့် အနာဂတ် မျိုးဆက် ကြုံတွေ့ရမည့် လုပ်ငန်းကြီးများကို အထောက် အကူပြုရန် ဖြစ်ကြောင်း၊ မြန်မာနို်င်ငံတွင် ယခု ရရှိနေသော နိုင်ငံတကာ အကူအညီများသည် ကမ္ဘောဒီးယား ရရှိနေသော ပမာဏ၏ ဆယ်ပုံ တစ်ပုံ၊ လာအို ရရှိနေသော ပမာဏ၏ ဆယ့်ခြောက်ပုံ တစ်ပုံပင် မရှိကြောင်း  Smith  က ပြောပါသည်။

ၾသစေၾတးလ် အသံလႊင့္ဌာန (ABC) ၏ အဆိုအရ ၾသစေၾတးလ် ကင်းလှည့် ရေယာဉ်  HMAS Glenelg  နှင့် မြန်မာနိုင်ငံမှ ရေတပ် သင်္ဘောတစ်စီး စေလွှတ်ကြောင်း သိရှိရပါသည်။

အာရှ ပစိဖိတ်ဒေသရှိ ရေတပ် ၁၃ ခု မှ သင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာ အတွင်းတွင် ပင်လယ် ဓားပြရန် ကာကွယ်ရေး၊ အကြမ်းဖက်မှု ပြန်လည် နှိမ်နှင်းရေးတို့ အတွက် လေ့ကျင့်ခန်း အစီအစဉ်များတွင် ပါဝင်ကြရပါသည်။ မြန်မာနိုင်ငံသည် အဆိုပါ အစီအစဉ်တွင်  ၂၀၀၃  ခုနှစ် ကတည်းက ပါဝင်ခဲ့ပါသည်။

မီလန် လေ့ကျင့်ခန်း အစီအစဉ်  ( Exercise Milan )  ဟုခေါ်သော အဆိုပါ နှစ်ပတ်လည် နိုင်ငံပေါင်းစုံ ပါဝင်သော လေ့ကျင့်ခန်း အစီအစဉ်ကို  Andaman  သမုဒ္ဒရာ အတွင်းရှိ  Port Blair  နှင့် နီကိုဗာကျွန်းများတွင် ဖေဖော်ဝါရီ ည ၄ ရက်မှ ၈ ရက်ထိ ပြုလုပ်ခဲ့ပါသည်။

သြစတြေးလျသည် မြန်မာနိုင်ငံ အပေါ် စစ်ရေးအရ  အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားရာ မြန်မာစစ်တပ် အတွက် လေ့ကျင့်ရေးနှင့် ထောက်ပံ့ခြင်း အစီအစဉ်များကို ပေး၍ မရပေ။ သို့သော် သြစတြေးလျသည် အခြား ၁၂ နိုင်ငံနှင့် အတူ ယခု အစီအစဉ်တွင် သုံးနှစ်မြောက် ပါဝင်လာခြင်း ဖြစ်ပါသည်။

ABC ရေဒီယိုနှင့် အင်တာဗျူး အစီအစဉ်တွင် Burma Campaign for Australia  မှ  Zetty Blake  က မြန်မာ့ ရေတပ်ကို မေးခွန်းထုတ်ခဲ့ပါသည်။

မြန်မာ့ စစ်တပ် အာဏာရှင်သည် ဒေသတွင်း လုံခြုံရေး အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်ကြောင်း သူမက ပြောပါသည်။ လက်နက် ရောင်းဝယ်ရေး ကန့်သတ်ထားသော မြန်မာ စစ်တပ်နှင့် ရေတပ် လေ့ကျင့်ခန်း ပါဝင် လုပ်ဆောင်ခြင်း၊ ကျွမ်းကျင်မှုများ ဖြည့်ဆည်းပေးခြင်းများ အတွက် သြစတြေးလျ အစိုးရကို မေးခွန်းထုတ်ကြောင်း သူမက ပြောပါသည်။

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်သော သတင်း ကြေညာချက်တွင် မကြာမီ ကာလများက နိုင်ငံတကာ အရေးယူမှုများ ဖယ်ရှားရေးနှင့် ပတ်သက်၍ ပူးပေါင်း လုပ်ဆောင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပြုချက်အပေါ် အပြုသဘော ဆောင်သော တုံ့ပြန်မှုများ ပြုလုပ်ရန် မြန်မာစစ် အစိုးရအား သြစတြေးလျ အစိုးရက တိုက်တွန်းခဲ့ပါသည်။ အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ယခုနှစ် မြန်မာနိုင်ငံတွင် စီစဉ်ထားသည့် ရွေးကောက်ပွဲများ ကျင်းပမည် ဆိုပါက မြန်မာနိုင်ငံ အတွက်သာမက နိုင်ငံတကာက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အတွက်ပါ အရေးကြီးသည်ဟု မှတ်ယူကြောင်း ဖော်ပြထားပါသည်။

တစ်ချိန်တည်းမှာပင် အင်္ဂါနေ့က မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Anifah Aman က အတိုက်အခိုက် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ အနေဖြင့် ၎င်း၏ ဒီမိုကရေစီ လမ်းညွှန် မြေပုံ အတိုင်း ရှေ့ဆက် လုပ်ဆောင်သွားရန် အာဆီယံ အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်း တိုက်တွန်းကြောင်း ဖော်ပြထားပါသည်။

မိမိတို့ အနေဖြင့် လွတ်လပ်၍ တရားမျှတပြီး အားလုံး ပါဝင်သော ရွေးကောက်ပွဲကို မြင်တွေ့လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူတိုင်းကို အခွင့်အရေး ပေးသင့်ကြောင်း  Aman  က ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီ်း Alberto Romulo ပြီးခဲ့သည့် လက ဝါရှင်တန်သို့ ရောက်ရှိစဉ်က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ စက်တင်ဘာလ ပတ်ဝန်းကျင်တွင် ဖြစ်လိမ့်မည်ဟု ယူဆရကြောင်း၊ သို့သော် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ထားပြီး မပါဝင်နိုင်အောင် ပြုလုပ်ထားကြောင်း ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment