Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံတွင် တည်ဆောက်လျက် ရှိသော ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ စွမ်းအင် ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းတွင် အိန္ဒိယ နိုင်ငံပိုင် ONGC နှင့် Gail India Ltd တို့က အစုရှယ်ယာ ရယူရန် စီစဉ်နေသည့် ကိစ္စကို အိန္ဒိယ ကက်ဘိနက်က အတည်ပြုဖွယ် ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ပိုက်လိုင်း စီမံကိန်းကို တရုတ်နိုင်ငံက တည်ဆောက်နေခြင်း ဖြစ်ပြီး မြန်မာ့ ကမ်းရိုးတန်း ဒေသမှ သဘာဝ ဓာတ်ငွေ့များကို သွယ်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

"ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မတိုင်မီ အိန္ဒိယ စီးပွားရေး ဆိုင်ရာ ကက်ဘိနက် ကော်မတီ (CCEA) က အတည်ပြု ပေးနိုင်တယ်" ဟု အိန္ဒိယ အစိုးရ အရာရှိတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာ ကမ်းရိုးတန်း ဒေသရှိ လုပ်ကွက်အမှတ် A-1 နှင့် A-3 တို့မှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် သွယ်ယူမည့် စီမံကိန်းကို အကောင်အထည် ဖော်လျက် ရှိသည်။ အဆိုပါ လုပ်ကွက်များတွင် အိန္ဒိယ ONGC ၏ Videsh (OVL) နှင့် Gail India Ltd တို့က အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ရင်းနှီး မြှုပ်နှံထားသည်။

OVLသည် ONGC ၏ ပြည်ပ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပြီး အဆိုပါ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းတွင် ၈ ဒဿမ ၃၅ ရာခိုင်နှုန်းခန့် အစုရှယ်ယာ ရယူလိုသည်။ Gail ကုမ္ပဏီက ၄ ဒဿမ ၁၇ ရာခိုင်နှုန်း ခန့် ရှယ်ယာ ဝင်လိုသည်။

ငွေပမာဏဖြင့် ဆိုပါက OVL နှင့် Gail တို့သည် အဆိုပါ ကီလိုမီတာ ၈၇၀ ရှည်လျားမည့် စီမံကိန်းတွင် အမေရိကန် ဒေါ်လာ ၂၅၁ ဒဿမ ၂ သန်း ရင်းနှီး မြှုပ်နှံမည် ဖြစ်သည်။ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမည့် စီမံကိန်းကို တရုတ်အမျိုးသား ရေနံ ကုမ္ပဏီ ဖြစ်သော CNPC က တည်ဆောက်နေခြင်း ဖြစ်သည်။

အိန္ဒိယ အရာရှိ၏ အဆိုအရ CNPC က လုပ်ကွက် အမှတ် A 1 နှင့် A 3 တို့တွင် အကောင်အထည် ဖော်နေသော ဓာတ်ငွေ့ ပူးပေါင်း ရှာဖွေရေး လုပ်ငန်းတွင် အစုရှယ်ယာ ၄၉ ဒဿမ ၉ ရာခိုင်နှုန်း ခန့် ပါဝင်ရန် OVL နှင့် Gail တို့ကို ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံ Daewoo ကော်ပိုရေးရှင်းက A 1 နှင့် A 3 လုပ်ကွက် တို့တွင် အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းစီ ရယူထားသည်။ OVL က ၁၇ ရာခိုင်နှုန်း၊ Korea Gas ကော်ပိုရေးရှင်း နှင့် Gail တို့က ၈ ဒဿမ ၅ ရာခိုင်နှုန်းစီ ရယူထားပြီး ကျန်ရှိသော ၁၅ ရာခိုင်နှုန်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တို့က ရယူထားသည်။

PTI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment