Transparency Myanmar

transparency.myanmar@gmail.com

Independent Mon News Agency, 12th February 2010

မြန်မာ့ တပ်မတော် အမှတ် ၁၉ ခြေလျင် တပ်ရင်းသည် ဘုရားသုံးဆူ သံဖြူဇရပ်လမ်း အနီးတဝိုက်ရှိ KNU စိုးမိုးနယ်မြေသို့ ၂၀၀၉ ဒီဇင်ဘာလတွင် ဝင်ရောက်ခဲ့ပြီး အမှတ် ၈ ခြေလျင် တပ်ရင်းသည် ဝမ်ခနိုင်း ကျေးရွာသို့ ပြီးခဲ့သော ဇန်နဝါရီလက ဝင်ရောက် တပ်စွဲခဲ့သည်ဟု သိရှိရသည်။

''အာဏာပိုင်တွေရဲ့ အစီအစဉ်ကို ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့ နယ်မြေကို စစ်သားတွေ ဝင်လာတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ သူတို့မှာ အကြောင်း တစ်ခုခု ရှိလိမ့်မယ်လို့ ထင်တယ် '' ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

"KNU ထိန်းချုပ် နယ်မြေကို မြန်မာ အာဏာပိုင်တွေ အများကြီး ရောက်လာတယ်။ KNU တပ်မဟာ ၄ ကတော့ တပ်မဟာ ၆ နဲ့ သွားပြီး ပေါင်းတယ်" ဟု အဆိုပါ ဒေသခံက ဖြည့်စွက် ပြောကြားသည်။

မွန်ပြည်သစ် ပါတီ NMSP က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့ပြီးနောက် တနင်္သာရီတိုင်း အခြေစိုက် မြန်မာ့ တပ်မတော် ခြေမြန်တပ်ရင်း အမှတ် (၂၈၂)  က NMSP စိုးမိုးနယ်မြေ ( သုဝဏ္ဏဘူမိ ကျေးရွာ )  သို့ ဇန်နဝါရီ (၁၀) ရက်နေ့က ဝင်ရောက် တပ်စွဲခြင်း ဖြစ်သည်။

'' တကယ်လို့ အာဏာပိုင်တွေက ၂၀၁၀ ရွေးကောက်ပွဲတွေ မလုပ်ရသေးဘူး ဆိုရင် အပစ်ရပ် တပ်ဖွဲ့တွေကို တိုက်ဦးမှာ မဟုတ်သေးဘူး၊ ရွေးကောက်ပွဲ ပြီးသွားပြီ ဆိုရင်တော့ တိုက်ချင်ရင် တိုက်လိမ့်မယ်'' ဟု ဘုရားသုံးဆူ နယ်မြေ တစ်ဝိုက် ရှိ အပစ်ရပ် အဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက မှတ်ချက်ပေးသည်။

KNU နှင့် နီးစပ်သူ တစ်ဦးကမူ ''အပစ်ရပ် အဖွဲ့ ထိန်းချုပ် နယ်မြေထဲမှာ မြန်မာစစ်တပ်က ပြောက်ကျား တပ်ဖွဲ့တွေလို လှုပ်ရှား နေကြတယ်'' ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ အာဏာပိုင်များက အကြောင်းပြချက် ပေးရာတွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်ခြင်းနှင့် KNU ကို ပစ်မှတ်ထားခြင်းဟု ဆိုသော်လည်း မွန်ပြည်သစ်ပါတီ NMSP ကိုလည်း ပစ်မှတ်ထားပုံ ရပါသည်။

မြန်မာ အာဏာပိုင်များက ၎င်းတို့၏ တပ်ရင်းများ အတွက် ရိက္ခာများ စုဆောင်းနေပြီး KNU ကို ပစ်မှတ်ထားသည် ဟု ဆိုသော်လည်း အဆိုပါ နယ်မြေမှာ NMSP ထိန်းချုပ်နယ်မြေ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment