Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၏ အကြီးဆုံး အတိုက်အခံပါတီ ဖြစ်သော အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲသို့
ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း မတ်လ ၂၉ ရက်နေ့က ထုတ်ဖော်
ကြေညာလိုက်ခြင်းသည် ပါတီပြိုကွဲစေနိုင်သည့် အနေအထားမျိုးသို့ ရောက်ရှိ
သွားစေနိုင်သည်။
ယင်းသို့ ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ချက်ကို NLD ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေချိန်တွင် ကျန်အဖွဲ့ဝင်များက
အစည်းအဝေး ကျင်းပ ပြုလုပ်ပြီး ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့်
ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။
ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ရခြင်းမှာ အစိုးရက ထုတ်ပြန်သော
ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိသောကြောင့် ဖြစ်သည်ဟု ၎င်း၏
ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းက ဖော်ပြသည်။
ရွေးကောက်ပွဲသို့ မဝင်သဖြင့် ပါတီ ပြိုကွဲသွားနိုင်ကြောင်း၊
နိုင်ငံရေးနှင့် ကင်းကွာသွားပါက အဓိပ္ပာယ်မရှိ ဖြစ်သွားနိုင်ကြောင်း၊
ဒီမိုကရေစီ နည်းလမ်း မဟုတ်ဘဲ မဲပေးစနစ်ဖြင့် အရှုံးပေး လိုက်ခြင်းသည်
မှားယွင်းကြောင်း အချို့က ဝေဖန်သုံးသပ်ကြသည်။
ယခုကဲ့သို့ ရွေးကောက်ပွဲ မဝင်ရန် ပါတီတွင်း မဲခွဲ
ဆုံးဖြတ်လိုက်ခြင်းသည် အံ့အားသင့်စရာ ကိစ္စ မဟုတ်ပေ။ အကြောင်းမှာ
ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း
ထုတ်ဖော် ပြောဆိုထား၍ ဖြစ်သည်။ သို့သော် အမှန်တကယ် ရွေးကောက်ပွဲ ဝင်ရေး၊
မဝင်ရေး ကိစ္စမှာ ပါတီဝင်များသာ ဆုံးဖြတ်ရမည် ဖြစ်သည်ဟုလည်း ဒေါ်စုကြည်က
ဆက်လက် ဆိုထားသည်။
AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

To unsubscribe, reply using "remove me" as the subject.

0 comments:

Post a Comment