Transparency Myanmar

transparency.myanmar@gmail.com

AFP/ Straitstimes.com, 31st March 2010

အိန္ဒိယ အန်ဒမန် ကျွန်းစု၏ မြောက်ဖက် မြန်မာနိုင်ငံ ကမ်းလွန်တွင် အင်အား ၆.၄ မဂ္ဂနီကျူ ရှိသော ပြင်းထန်သည့် ငလျင် တစ်ခု လှုပ်သွားကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဋ္ဌာန USGS က အင်္ဂါနေ့တွင် ပြောကြားသည်။

အန္တာရာယ် ရှိသော ဆူနာမီ လှိုင်းများ မရှိဟု စောင့်ကြည့် လေ့လာရေး ဋ္ဌာနက ဆိုပါသည်။ ငလျင်၏ ဗဟိုချက်မှာ အန်ဒမန်ကျွန်း ပို့ဘလဲ ဆိပ်ကမ်း၏ မြောက်ဖက် ၂၁၇ ကီလိုမီတာ အကွာ၊ ၄၅.၄ ကီလိုမီတာ အနက်တွင် ဖြစ်သည်ဟု USGS က သတ်မှတ်သည်။

အဆိုပါ ငလျင် ဗဟိုချက်သည် ပုသိမ်မြို့ အနောက်တောင်ဖက် ၄၀၆ ကီလိုမီတာ ကွာဝေးပြီး၊ ရန်ကုန်မြို့တော်မှ အနောက်တောင်ဖက် ကီလိုမီတာ ၅၀၀ ကွာဝေးသည်ဟု သိရသည်။

အစိုးရ ဋ္ဌာနများသို့ ပစိဖိတ် ဆူနာမီ သတိပေး စင်တာမှ ပေးပို့သော အကြောင်းကြားလွှာတွင် ငလျင်ကြောင့် အန္တရာယ် ရှိသော ဆူနာမီလှိုင်းများ  ဖြစ်ပေါ်ခြင်း မရှိဟု ဖော်ပြထားသည်။

"အခြေအနေက ပုံမှန်ပါပဲ၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်တာလည်း မရှိပါဘူး" ဟု အန်ဒမန်ကျွန်း အုပ်ချုပ်ရေး အကြီးအကဲ Vivek Ray က ပို့ဘလဲမှ နေ၍ အိန္ဒိယ NDTV သို့ ပြောကြားသည်။

"လူအသေ အပျောက်နဲ့ အဆောက်အဦး ပျက်စီးတာမျိုး မရှိပါဘူး၊ ငလျင်လှုပ် အပြီးမှာ အမိုးပေါ်က ခုန်ချလို့ ဒဏ်ရာရသွားတဲ့ လူနှစ်ယောက်ပဲ ရှိပါတယ်" ဟု Ray က ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment