Transparency Myanmar

transparency.myanmar@gmail.com

Examiner.com, By Daug Newman, 11th May 2010

မြောက်ကိုရီးယားနှင့် အီရန်တို့ အကြားရှိ နျူကလီယာဆိုင်ရာ ဆက်ဆံမှုများ အတွက် အထောက်အထား ပြည့်စုံစွာ ရှိသည်။ နှစ်နိုင်ငံကြား နျူကလီယာဆိုင်ရာ နည်းပညာ၊ ပစ္စည်းများနှင့် အကြံပေးများသည် မြောက်ကိုရီးယားမှ အီရန်သို့ သွားပြီး၊ အီရန်မှ ရေနံနှင့် ငွေမာများ ပြန်ပေးရသည်။ အစ္စရေးက အီရန်ကို မြောက်ကိုရီးယားနှင့် နျူကလီယာ ဆက်ဆံရေးရှိကြောင်း စွပ်စွဲခဲ့သလို၊ ယခု ဆီးရီးယားကိုလည်း ထိုကဲ့သို့ စွပ်စွဲခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် အစိုးရ တာဝန်ရှိသူများက မြန်မာနိုင်ငံအား လူအမြောက်အမြား သေစေသော လက်နက် ကူးသန်းရောင်းဝယ်မှုတွင် ပါဝင်မှုကြောင့် သတိပေးခဲ့သည်။ ထိုင်းနိုင်ငံမှ လာသော သတင်းများတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် တရုတ်မှ စစ်ရေးဆိုင်ရာ အကူအညီများ ရယူကြောင်း ဖော်ပြခဲ့သည်။

ထိုအရာများ အတွက် တရုတ်၏ တုန့်ပြန်မှု မည်သို့ ရှိမည်နည်း။ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် ကျင်းပရန် အခြားနိုင်ငံများအား တိုက်တွန်းရန် ဖြစ်သည်။ မကြာသေးမီက ကင်ဂျုံအီ၏ တရုတ်နိုင်ငံသို့ အမြန်ဆုံး ခရီးစဉ်အပြီးတွင်၊ မြောက်ကိုရီးယားက ၎င်းသည်  ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် ဆန္ဒရှိသည်ဟု ကြေညာခဲ့သည်။ ထိုကိစ္စများသည် တောင်ကိုရီးယားနှင့် အမေရိကန် အပေါ် ဆင်လုံး ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် မတ်လက တရုတ်နှင့် ကိုရီးယားကျွန်းဆွယ်ကြား အငြင်းပွားနေသည့် ရေပိုင်နက်တွင် တောင်ကိုရီးယား ရေတပ်သင်္ဘော Cheonan နစ်မြုပ်ခဲ့ရာ၊ တော်ပီဒိုက တမင် ရည်ရွယ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယားနှင့် အမေရိကန်က ဆုံးဖြတ်ထားသောကြောင့် ဖြစ်သည်။

ကင်ဂျုံအီကလည်း ၎င်း၏ အင်အားကောင်းပြီး အလားအလာ ကောင်းသော တိုင်းပြည်ကို ၎င်း၏ အမွေ ဆက်ခံမည့်သူအား လွှဲပေးရန် မျှော်လင့်နေပြီ ဖြစ်သည်။ တရုတ်နိုင်ငံက ၎င်း၏ ခေတ်နောက်ပြန်ဆွဲသော ဆွေမျိုးကို ထောက်ခံနေမှုအား အာရုံကျနေချိန်တွင် ကင်ဂျုံအီက မိစ္ဆာ ဝင်ရိုးစွန်း နိုင်ငံများနှင့် ကွန်ယက် ထူထောင်ပြီး၊ အဆိုပါ နိုင်ငံများသို့ နျူကလီယာ စွမ်းဆောင်ရည်များ ဖြည့်ဆည်းပေးနေသည်။ တရုတ်ကလည်း အဆိုပါ မိစ္ဆာနိုင်ငံများနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိစေကာမူ၊ သူမဟုတ်သကဲ့သို့ နှင့် ၎င်းတို့ အားလုံးသည် ကမ္ဘာကြီးတွင် အန္တရာယ်ကြီးသော၊ သူ့အမှား စောင့်၍ ကစားရသော ကစားပွဲ (Waiting Game) ကို ကစားနေကြသည်။

ထို့ကြောင့် အဖြေက အမေရိကန်နှင့် တောင်ကိုရီးယားတွင် မူတည်လာပြန်သည်။ ယခုအချိန်တွင် တောင်ကိုရီးယား Cheonan သင်္ဘောကို တိုက်ခိုက်ခြင်းတွင် မြောက်ကိုရီးယား ပါဝင် ပတ်သက်သည်ဟု မည်သူကမျှ တရားဝင် မစွပ်စွဲသေးသော်လည်း စုံစမ်း စစ်ဆေးသူများက၊ ရေတပ် သင်္ဘောကို တော်ပီဒိုဖြင့် တမင် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ဆုံးဖြတ် သုံးသပ်ခဲ့သည်။ ရှေ့ဆက် မည်သို့ ဖြစ်ဦးမည် မသိပါ။

ယခု Waiting Game ကစားပွဲတွင် ကင်ဂျုံအီကမူ နေရာယူထားပြီး ဖြစ်သည်။ ကုလသမဂ္ဂက မြောက်ကိုရီးယား အပေါ် အရေးယူမှုများ ချမှတ်ထားလင့်ကစား၊ တရုတ်က စားနပ်ရိက္ခာနှင့် ငွေကို လိုလိုလားလား ထောက်ပံ့နေ၍ အရာ မရောက်ပေ။ ထို့ကြောင့် ကမ္ဘာကြီး အနေဖြင့် စစ်ရေးအရ အရေးယူမှု မရှိ၍ အခြားနည်းလမ်းများ ရှိသေးသလောဟု မေးခွန်းထုတ် ရပေလိမ့်မည်။

ကင်ဂျုံအီအနေနှင့် ကမ္ဘာတစ်ခုလုံးကို စစ်ဖြစ်ရန် ဆွပေးလျက် ရှိပြီး၊ ကျန်လူများက ပုခုံးတွန့်၍ စောင့်ကြည့်နေကြသည်။ ကင်ဂျုံအီကမူ သင်းကွဲမျောက်များနှင့် ရန်လိုတတ်သော ကလေးများကို ကျောက်တုံးများနှင့် ပုလင်းခွံများ ဝေငှလျက် ရှိသည်။ ကျောင်းဝင်းထဲတွင် ပြစ်ဒဏ်ပေးမည်ကို မကြောက်သော ကလေးများအတွက် ဆရာများ ဘာမှမလုပ်နိုင်သော ကလေးဆိုးများ ရှိသည်။ ၎င်းတို့သည် ဘာမျှ ဆိုးဆိုးဝါးဝါး ဖြစ်စရာမရှိဟု သိသဖြင့် ကလေးကြီးများကို အဆိုပါ ကလေးဆိုးလေးများက သူတို့အား နာကျင်အောင် လုပ်လိမ့်မည် အထင်နှင့် ကင်ဂျုံအီ ပေးထားသော ကျောက်ခဲများ၊ ပုလင်းခွံများဖြင့် ပစ်ပေါက်ရန် စီစဉ်လျက် ရှိသည်။ အစ္စရေး၊ ဂျပန်နှင့် အမေရိကန် တို့ကဲ့သို့သော အကောင်ကြီးသော ကလေးများကို ပစ်ပေါက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment