Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ အစိုးရက ယခု ရက်သတ္တပတ်အတွင်း ပြည်နယ်နှစ်ခုရှိ တရားမဝင် ဘိန်းစိုက်ခင်းပေါင်း ၄၃ ဒဿမ ၆ ဟက်တာကို ဖျက်ဆီးပစ်ခဲ့ရာ ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်း မြန်မာ အစိုးရက ဖျက်ဆီးခဲ့သော ဘိန်းစိုက်ခင်း စုစုပေါင်းမှာ ၈၃၅၅ ဟက်တာ ရှိသွားပြီ ဖြစ်ကြောင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

မြန်မာ အစိုးရသည် မေလ ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်း ရှမ်းပြည်နယ်၊ မန်းတောင်နှင့် ကချင်ပြည်နယ်၊ ဝိုင်းမော်တို့ရှိ ဘိန်းစိုက်ခင်းများကို ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဘိန်းစိုက်ပျိုးသည့် ရာသီတွင် မြန်မာအစိုးရက ဘိန်းစိုက်ခင်း စုစုပေါင်း ၄၁၃၈ ဟက်တာကို ဖျက်ဆီးခဲ့သည်။

အဆိုပါ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာတွင်လည်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဖမ်းဆီးရမိသော အမေရိကန် ဒေါ်လာ ၉၃ သန်း တန်ဖိုး ရှိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးပစ်ခဲ့သည်။ မီးရှို့ ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးများတွင် ကာလ ပေါက်ဈေးအားဖြင့် ဒေါ်လာ ၆ ဒဿမ ၉၉ သန်း တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ၊ ဘိန်းဖြူ ၈၁၉ ကီလိုဂရမ်၊ ဘိန်း ၁၅၆ ကီလိုဂရမ် တို့ ပါဝင်သည်။

ယခု ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင်လည်း မူးယစ်ဆေးဝါး အမှုပေါင်း ၂၁၉ မှုတွင် ပါဝင် ပတ်သက်သူ ၃၁၁ ဦးအား မြန်မာအစိုးရက ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ ပြစ်ဒဏ် ချမှတ် ခံရသူများထဲတွင် အမျိုးသမီး ၆၃ ဦး ပါဝင်သည်။ ထို့ပြင် မြန်မာအစိုးရ အာဏာပိုင်များသည် ယခုလ (မေလ) အတွင်း ဘိန်း ၅၀ ဒဿမ ၈၁ ကီလိုဂရမ်၊ ဘိန်းဖြူ ၁ ဒဿမ ၄၄ ကီလိုဂရမ်၊ ဆေးခြောက် ၅ ဒဿမ ၀၃ ကီလိုဂရမ် နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၇၇၅၁၆ ပြားကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment