Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ ဒေသတချို့တွင် သောက်ရေနှင့် ရေကောင်းရေသန့် ပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိရာ မြန်မာအစိုးရ၏ ညွှန်ကြားမှုဖြင့် ဒေသခံအာဏာပိုင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များက အများပြည်သူနှင့် ပူးပေါင်းပြီး သောက်ရေရရှိရန် ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။

မေလ ၁၀ ရက်နေ့တွင်မူ စေတနာရှင်များ၊ အလှူရှင်များ နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကော်မတီတို့ ပူးပေါင်းပြီး ပဲခူးတိုင်း၊သနပ်ပင်မြို့နယ်ရှိ စက်ခွန်ပိုင်၊ ကန်သာယာ၊ ငချင်းပိုင်၊ သီတာအေး၊ ရွာသစ် ၄၊ ကန်ကုန် ၄ ၊ ဘူတာ နှင့် ရွှေကျီးပင် ကျေးရွာများမှ ဘုန်းတော်ကြီးများနှင့် ပြည်သူများအတွက် လစ်တာ ၂၀ ပါ ရေတိုင်ကီများ နှင့် ဘူးများ လှူဒါန်းခဲ့ကြသည်။

ထို့အတူ မင်းရွာ၊ ရွှေကျီးပင်၊ ရစ်ကန်လေး၊ ကမာနတ်၊ ရစ်ကန်ကြီး၊ ကုလားချောင်းကြီး၊ မင်းရွာ နှင့် ကမာဆည် ကျေးရွာများတွင် သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်လျက်ရှိရာ စေတနာရှင်များက မော်တော်ယာဉ် ၁၂ စီးဖြင့် သောက်ရေများ သွားရောက်လှူဒါန်းခဲ့ကြသည်။ ပဲခူးမြို့ အမှတ် ၁ ရဲစခန်း၊ ဒိုက်ဦးရဲစခန်း၊ ဝေါမြို့နယ် ရဲစခန်း၊ သနပ်ပင် မြို့နယ် ရဲစခန်း၊ ကဝမြို့နယ် ရဲစခန်းနှင့် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အဖွဲ့ဝင်များ၊ စေတနာရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပဲခူးတိုင်းဖွံ့ဖြိုးရေး ကော်မတီဝင်များ စုပေါင်းပြီး ရှမ်းကြီး၊ မင်ဂလွန်း၊ ကျိုက်ပိ၊ အကာရစ်၊ အဖျားဘုတ်၊ အဖျားထမင်းဆိုင်၊ အင်းတိုင်စု၊ ကပင်၊ လက်ပံခါး၊ ဈေးညောင်ပင်နှင့် စည်တီး ကျေးရွာများမှ ပြည်သူများအတွက် သောက်သုံးရေ ဖြန့်ဖြူးပေးခဲ့ကြသည်။

အလားတူ၊ ပဲခူးမြို့မှ စေတနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ ကလည်း ရှမ်းယူကြီး၊ ပေချောင်း၊ စစ်တီးကျေးရွာများကို လည်းကောင်း၊ သနပ်ပင်မြို့နယ်ရှိ ကျားချောင်း၊ တနော်ကျွန်းနှင့် ကျိုးနပ်ကျေးရွာများ ကိုလည်းကောင်း ဂါလန် ၁၆၀၀ ဆံ့ ရေကားများဖြင့် သောက်ရေပေးပို့ လှူဒါန်းခဲ့ကြသည်။

သနပ်ပင်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၏ ဦးဆောင်မှုဖြင့် သနပ်ပင်မှ စေတနာရှင်များကလည်း လီတာ ၂၀ဆံ့ ရေဘူးများ၊ သောက်ရေသန့်ဘူးများကို စက်ရုံပိုင်၊ ဘုရားကြီးပိုင်း၊ အပ်စုနှင့် ထနှောင်းပင် ကျေးရွာများသို့ ပေးပို့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Relief International ၏ သတင်းထုတ်ပြန်ချက်ကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment