Transparency Myanmar

transparency.myanmar@gmail.com

မြန်မာစစ်အစိုးရ၏ ကမ်းလှမ်းချက်ဖြစ်သော နယ်ခြား ဒေသစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် အဆိုပြုချက်ကို ပယ်ချခဲ့သော မွန်ပြည်သစ်ပါတီ (NMSP) မှ ထိပ်ပိုင်း ခေါင်းဆောင်သုံးဦး မေလ ၁၈ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်သွားကြကြောင်း အဆိုပါ ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

မွန်ပြည်သစ်ပါတီ တွဲဖက် အတွင်းရေးမှူး Nai Chan Twe၊ ဗဟို အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင် Nai Tin La နှင့် Nai Kho Sap တို့သည် ပါတီတွင် ဆက်လက် တာဝန် ထမ်းဆောင်လိုစိတ် မရှိတော့သဖြင့် ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၏ နုတ်ထွက်စာကို ပါတီက လက်ခံခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Nai Chay Mon က ပြောကြားသည်။

Nai Tin La သည် မွန်ပြည်သစ် ပါတီတွင် နှစ်ပေါင်း ၂၅ နှစ် လုပ်ကိုင်ခဲ့ပြီး Nai Chan Twe နှင့် Nai Kho Sap တို့မှာ နှစ်ပေါင်း ၃၀ ခန့် တာဝန် ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ကြသည်။

"သူတို့က ပါတီနဲ့ လက်တွဲပြီး တော်လှန်ရေးကို အချိန် အကြာကြီး လုပ်ခဲ့ကြတာ ဆိုတော့ အပြောင်းအလဲ တစ်ခု လိုချင်ပုံ ရပါတယ်" ဟု Nai Chay Mon က ပြောသည်။

မြန်မာ စစ်အစိုးရနှင့် မွန်ပြည်သစ် ပါတီအကြား ဆက်ဆံရေးမှာ တင်းမာပြီး နှစ်ဖက်စလုံးက စစ်ရေးဖြင့် ဖြေရှင်းရန် အသင့် အနေအထားတွင် ရှိကြသည်။

နုတ်ထွက်သွားသော ပါတီဝင်များသည် မွန်တိုင်းရင်းသား အုပ်စုသစ် တစ်ခု ဖြစ်သော မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMPDP) ကို ထောက်ခံဖွယ် ရှိသည်ဟု မွန်ပြည်သစ် ပါတီက ခန့်မှန်း ပြောဆိုနေသည်။

AMRDP ပါတီတွင် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ် ၅၃ ဦး ရှိပြီး မွန်ပြည်နယ် အငြိမ်းစား ပညာရေးမှူး Nai Ngwe Thein က ဦးဆောင်သည်။ ထိုပါတီကို မေလ ၇ ရက်နေ့က မော်လမြိုင်မြို့တွင် ဖွဲ့စည်း ထူထောင်ခဲ့ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ နှင့် ပဲခူးတိုင်းတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ဦးတည်ထားကြောင်း ပါတီ ဥက္ကဋ္ဌ က ထိုင်းနိုင်ငံ အခြေစိုက် မွန်သတင်း အေဂျင်စီသို့ ပြောကြားသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment