Transparency Myanmar

transparency.myanmar@gmail.com

Bernama, 6th June 2010

      မြန်မာတိုင်းရင်းသား ရိုဟင်ဂျာ လူ့အခွင့်အရေးအဖွဲ့ မလေးရှား (Myanmar Ethnic Rohingyas Human Rights Organisation Malaysia MERHROM) သည် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ တိုင်းရင်းသားများ အပေါ် နှိပ်ကွပ်နေမှုများကို အရှိန်မြှင့် ဖြေရှင်းပေးရန် ကုလသမဂ္ဂနှင့် အမေရိကန် ကဲ့သို့သော အဓိက အင်အားကြီး နိုင်ငံများကို တောင်းဆိုခဲ့သည်။

      အဆိုပါ အဖွဲ့ ဥက္ကဌဖြစ်သူ Zafar Ahmead Mohd Abdul Ghani က ပြောကြားရာတွင် မြန်မာ ရိုဟင်ဂျာ တိုင်းရင်းသားများမှာ ၁၉၆၂ ကတည်းက စစ်အစိုးရ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။

      "ကုလသမဂ္ဂနဲ့ သမ္မတ Obama တို့ကို ၁၉၆၂ စစ်တပ်က အာဏာသိမ်းကတည်းက စခဲ့တဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။ ရိုဟင်ဂျာတွေဟာ အဲဒီအချိန်ကတည်းက သူတို့ ပိုင်မြေ၊ လယ်ယာတွေ၊ အခြားပစ္စည်းတွေ သိမ်းခံရပြီး၊ သူတို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ပါတယ်" ဟု ၎င်းက Bernama သို့ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

      Zafar က ပြောကြားရာတွင် MERHROM အနေဖြင့် မြန်မာ အစိုးရအား ရိုဟင်ဂျာများထံမှ သိမ်းဆည်းထားသော နိုင်ငံသား စီစစ်ရေးကဒ်ပြားများ ပြန်ပေးရန် တောင်းဆိုထားကြောင်း ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment