Transparency Myanmar

transparency.myanmar@gmail.com

BBC News, By Guy Delauney, 7th June 2010

ကမ္ဘောဒီးယားနိုင်ငံ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သည် ၎င်း၏ တတိယအကြိမ် ခရီးစဉ် အဖြစ် ကမ္ဘောဒီးယားသို့ လာရောက်မည် ဖြစ်သည်။

အထူး ကိုယ်စားလှယ် Surya Subedi သည် အကျင့်ပျက် ခြစားပြီး နိုင်ငံရေးအရ စွက်ဖက်မှုများ ရှိသည်ဟု အချိန် အတော်ကြာက စွပ်စွဲခြင်း ခံထားရသော နိုင်ငံ၏ တရားရေးစနစ်ကို ကြည့်ရှုရန် စီစဉ်ထားသည်။

ဖိအားပေးသော အုပ်စုမှ ပြောကြားရာတွင် တရားခံများသည် များသောအားဖြင့် ၎င်းတို့၏ အခြေခံ ရပိုင်ခွင့်များ မရရှိခဲ့ကြဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်က ပါမောက္ခ Subedi က ပြောကြားခဲ့ရာတွင် အစိုးရအား ဝေဖန်သူများအား ရာဇဝတ်မှုများဖြင့် ရုံးတင် တရားစွဲခြင်းမှာ လုံးဝ သက်ဆိုင်ခြင်း မရှိဘဲ မတရားသဖြင့် လုပ်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ လာရောက်မှုမှာ ဗဟို တရားရုံးက ထင်ရှားသော အတိုက်အခံ ခေါင်းဆောင်အား ဝန်ကြီးချုပ် ဟွန်ဆန် အပေါ် မဟုတ်မမှန် ပြောဆို ရေးသားမှုများ အတွက် အပြစ်ရှိကြောင်း တွေ့ရှိသည်ဟု ပြောကြားအပြီး တစ်ပတ် အကြာတွင် ဖြစ်သည်။

မြေယာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ လတ်တလော အငြင်းပွားမှုများသည် ဆင်းရဲသား ရွာသားများအား ဆန္ဒပြရန် မီးမွှေးပေးခဲ့ပြီး၊ ရွာသားများက တရားသူကြီးများသည် အဆက်အသွယ် ကောင်းသူများ အပေါ်တွင်သာ ဘက်လိုက်လျက် ရှိကြောင်း ပြောဆိုနေကြသည်။

ကုလသမဂ္ဂမှ ငွေထောက်ပံ့ထားသော ပြည်တွင်း အဖွဲ့တစ်ခု ဖြစ်သော Justice and Reconciliation ကော်မတီသည် တရားခံများ ဆိုးဝါးစွာ ခံစားနေသော အခြေအနေအပေါ် အလေးထား လုပ်ဆောင်လျက် ရှိသည်။

အခြေခံ တရားစီရင်ရေး ရပိုင်ခွင့်များ ရရှိခြင်း မရှိဟု အဆိုပါ ကော်မတီက ဆိုသည်။

မျက်ကွယ်တွင် စစ်ဆေးသော အမှု ဆယ်ခုတွင် ကိုးခုခန့်သည် မိနစ် သုံးဆယ်ပင် မကြာဘဲ ပြီးစီးသွားပြီး အများစုမှာ မျက်မြင် သက်သေများ ခေါ်ယူခြင်း မရှိပေ။

ပါမောက္ခ Subedi သည် အလှည့်အပတ် များလွန်းသော နယ်မြေသို့ ရောက်ရှိနေရသော်လည်း၊ ၎င်း၏ ယခင်က နေရာတွင် လာရောက်သွားသူများနှင့် မတူဘဲ၊ ၎င်းသည် အစိုးရ တာဝန်ရှိသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

သို့သော် ၎င်းအနေနှင့် ကမ္ဘောဒီးယား အစိုးရအား ထိရောက်စေမည့် ဝေဖန်မှုမျိုးလောက်ကိုမူ ပြုလုပ်နိုင်လိမ့်မည်ဟု ယူဆရပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment