Transparency Myanmar

transparency.myanmar@gmail.com

PTI, 22nd June 2010

မြန်မာနိုင်ငံမှ နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပါကစ္စတန် ပြည်သူ့ပါတီက လုပ်ကြံသတ်ဖြတ်ခြင်း ခံရသော ၎င်းတို့၏ ဝန်ကြီးချုပ် အမှတ်တရ စတင် ချီးမြှင့်သော ဒီမိုကရေစီ အတွက် Benazir Bhutto Shaheed ဆုကို ပထမဆုံး ချီးမြှင့်ခံရသူ ဖြစ်လာသည်။

အဆိုပါ ဆုကို အာဏာရ PPP ပါတီက မနေ့က ကျရောက်သော Bhutto ၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် စတင်ချီးမြှင့်ခြင်း ဖြစ်သည်။

အဆိုပါ ဆုသည် သူတို့၏ဘဝ တလျှောက်လုံး ဒီမိုကရေစီ အတွက် လူ့အခွင့်အရေး အတွက် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရေး အတွက်၊ လူမှုရေး ကိစ္စများ အတွက် ရုန်းကန် တိုက်ပွဲ ဝင်လာရမှုကို ဦးညွှတ် အလေးပြုသည့် သဘောဆောင်သည်။

တရားဝင် ထုတ်ပြန် ကြေညာချက်အရ ဆုရွေးချယ်ခံရသူသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူအများကို လှူဒါန်းမှုနှင့် အမျိုးသမီးများကို ပိုမို လုပ်ပိုင်ခွင့်ပေးရေး ကိစ္စရပ်များ လေးခုနှင့် ဘောင်ဝင်သူများအား PPP ဥက္ကဌနှင့် သမ္မတ Asif Ali Zardari ဥက္ကဌ အဖြစ် ဆောင်ရွက်သော ကော်မတီက ရွေးချယ်ခြင်း ဖြစ်သည်။

ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော်ငြားလည်း မြန်မာနိုင်ငံ၏ အာဏာရှင်စနစ်ကို စိန်ခေါ်နိုင်မှု အတွက် ဂုဏ်ပြုခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment