Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် စစ်တပ်မှ ကြယ်လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ကြီး Stanley McChrystal အငြိမ်းစားယူမည့် ကိစ္စကို ပင်တဂွန်အနေဖြင့် ခွင့်ပြုပေးရန် သမ္မတ ဘားရက်အိုဘားမားက သဘောတူ လက်ခံလိုက်ပြီ ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Robert Gibbs က ပြောကြားသည်။

ဗိုလ်ချုပ်ကြီး Stanley McChrystal အနေဖြင့် သူ၏ ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီး ရာထူး သတ်မှတ်ချက်အရ အငြိမ်းစားယူရန် အချိန်အနည်းငယ် လိုအပ်နေသေးသော်လည်း သမ္မတ အိုဘားမားက ခွင့်ပြုမည်ဖြစ်ကြောင်း Robert Gibbs က ပြောသည်။

"အမေရိကန် သမ္မတအိုဘားမားနဲ့ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်တို့ နှစ်ယောက် အဲဒီကိစ္စကို ဆွေးနွေးပြီးပါပြီ။ ဗိုလ်ချုပ်ကြီး Stanley လို နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ ကြယ်လေးပွင့်အဆင့်မှာ အငြိမ်းစား ယူခွင့်ရတော့မှာပါ" ဟု Robert Gibbs က သတင်းထောက်များကို ပြောကြားသည်။

ဗိုလ်ချုပ်ကြီး Stanley McChrystal သည် အာဖဂန်နစ္စတန်တွင် အမေရိကန် တပ်ရင်းမှူးအဖြစ် တာဝန် ထမ်းဆောင်စဉ် ရာထူးမှ အငြိမ်းစားယူလိုက်ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီးနှင့် သူ၏ စစ်ဘက် ဝန်ထမ်းများ အမေရိကန်အစိုးရ အုပ်ချုပ်ရေးအဖွဲ့မှ အခရာကျသော ပုဂ္ဂိုလ်များကို ပြစ်တင် ဝေဖန် ပြောဆိုချက်များအား Rolling Stone မဂ္ဂဇင်းက ကိုးကား ဖော်ပြခဲ့ပြီးနောက် အငြိမ်းစားယူမည်ဟု ၎င်းက ကြေညာခဲ့သည်။

ပင်တဂွန်မှ စီနီယာ အရာရှိကြီး တစ်ဦးက ဗိုလ်ချုပ်ကြီး Stanley အနေဖြင့် အငြိမ်းစား ယူရာတွင် ရရှိမည့် အကျိုးခံစားခွင့်များ အပြည့်အဝ ရရှိရေးအတွက် သုံးနှစ်တာမျှ တာဝန် ထမ်းဆောင်ရန် လိုအပ်သော်လည်း ၎င်းသည် နှစ်ကာလ ကြာရှည်စွာ ဂုဏ်ပြုထိုက်သော တာဝန် ထမ်းဆောင်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် သမ္မတ အိုဘားမားက အငြိမ်းစားယူ အကျိုးခံစားခွင့်များ အပြည့်အဝ ပေးရန် သဘောတူ ခွင့်ပြုခဲ့ကြောင်း CNN သို့ ပြောကြားသည်။

ဗိုလ်ချုပ်ကြီး Stanley သည် ၂၀၀၉ ခုနှစ်တွင် ကြယ်လေးပွင့်အဆင့်သို့ ရာထူး တိုးမြှင့်ခံရပြီး အာဖဂန်နစ္စတန်တွင် အမေရိကန် တပ်ရင်းမှူးအဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment