Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ၏ အရန် နိုင်ငံခြားငွေ ထားရှိမှုမှာ ယခုနှစ် ဇွန်လ ကုန်ပိုင်းတွင် ၂ ဒဿမ ၄၅ သန်းအထိ ရောက်ရှိလာသည်။ ယင်းပမာဏသည် တစ်နှစ်လျှင် ၁၅ ဒဿမ ၁ ရာခိုင်နှုန်းစီ မြင့်တက်လာခြင်း ဖြစ်သည်ဟု ဗဟိုဘဏ်က ဆိုသည်။

မည်သို့ဆိုစေ တရုတ်နိုင်ငံ၏ အရန် နိုင်ငံခြားငွေမှာ ဒုတိယ လေးလပတ်အတွင်း ၇ ဒဿမ ၂ ဘီလီယံသာ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင် ပထမ လေးလပတ်တွင် ၁၂၆ ဒဿမ ၅ ဘီလီယံထိ ရှိခဲ့ရာမှ လျော့ကျခဲ့ခြင်း ဖြစ်ကြောင်း တရုတ်ဘဏ်က ထည့်သွင်း ဖော်ပြသည်။

အဆိုပါ တရုတ် အရန် နိုင်ငံခြားငွေကို အမေရိကန် ပြည်ထောင်စုတွင် အနီးကပ် စောင့်ကြည့်ခြင်း ခံရသည်။ တရုတ်သည် အမေရိကန် ပြည်ထောင်စုတွင် ကုန်သွယ်ရေး ပိုလျှံမှုများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဘဏ္ဍာရေး အာမခံနှင့် အခြားသော အစိုးရများ၏ ကြွေးမြီများ ဝယ်ယူသည်။

တရုတ်သည် ၂၀၀၆ ခုနှစ် အရောက်တွင် နိုင်ငံခြား အရန်ငွေကြေး ဒေါ်လာ ၁ ထရီလီယံ အထိ ရရှိလာနိုင်ရေးအတွက် ဆယ်စုနှစ် တစ်ခုတာမျှ အချိန်ယူ ကြိုးစားခဲ့ရသည်။ သို့သော် ကုန်သွယ်ရေး အဆမတန် ကြီးထွား ကောင်းမွန်လာသောကြောင့် စီးပွားရေး တိုးတက်မှု အလွန်အမင်း မြင့်တက်ခဲ့ကာ ၂၀၀၉ ဧပြီလ အရောက်တွင် အရန် နိုင်ငံခြားငွေ စုစုပေါင်းမှာ ဒေါ်လာ ၂ ထရီလီယံ ကျော်လွန်သွားခဲ့သည်။ ယင်းနှစ် ကုန်ပိုင်းတွင် ၂ ဒဿမ ၄ ထရီလီယံသို့ပင် ရောက်ရှိခဲ့သည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment