Transparency Myanmar

transparency.myanmar@gmail.com

BBC News, 12th July 2010

အစိုးရ ဝန်ထမ်းများ အနေဖြင့် ၎င်းတို့၏ ရင်းနှီး မြှုပ်နှံမှုများ၊ ဝင်ငွေများ၊ ပိုင်ဆိုင်မှုများကို အသိပေး ကြေညာရန် လိုအပ်သော လာဘ်စားမှု တိုက်ဖျက်ရေး စည်းကမ်း ဥပဒေများကို တရုတ် အစိုးရက ထုတ်ပြန်လိုက်သည်ဟု နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်သည်။

ယခုအခါ အရာရှိများသည် မိသားစုဝင်များ၏ ငွေကြေးဆိုင်ရာ အသေးစိတ် အချက်များနှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အဆင့်အတန်း ပြောင်းလဲမှု တစ်စုံတစ်ရာကို အသိပေးရတော့မည် ဖြစ်သည်။

အရာရှိများက အခြားလူများ၏ နာမည်ကို အသုံးပြု၍ ဝင်ငွေကို ဖုံးကွယ်ထားခြင်းအား တားဆီးရန် အတွက် ဥပဒေသစ်များကို ရေးဆွဲ ပြဌာန်းခြင်း ဖြစ်သည်ဟု အကဲခတ်များက ဆိုသည်။

တရုတ် သမ္မတက "လာဘ်စားမှု တိုက်ဖျက်ခြင်းသည် ကွန်မြူနစ် ပါတီအတွက် သေရေး၊ ရှင်ရေး ကိစ္စတစ်ခု ဖြစ်သည်" ဟု ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့တွင် စတင် သက်ရောက်မည့် စည်းမျဉ်း ဥပဒေသစ်များသည် ၂၀၀၆ က ထုတ်ပြန်ခဲ့သော ဥပဒေများကို တိုးချဲ့ခြင်း ဖြစ်ပြီး အရာရှိများ အသိပေး ကြေညာရမည့် ပုဂ္ဂိုလ်ရေး အချက်အလက်များ၏ နယ်ပယ်ကို ပိုမို ကျယ်ပြန့်စေသည်။

မည်သို့ပင် ဖြစ်စေ ယခု ဥပဒေသစ်များကြောင့် တရုတ် အရာရှိများ အသိပေးခဲ့သည့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများ လိုအပ်သလောက် မပြည့်မီခြင်းကို ရပ်တန့်သွားစေလိမ့်မည်ဟု China Daily က ဖော်ပြသည်။

လိုက်နာရန် ပျက်ကွက်သူများ၊ လိမ်လည် တင်ပြသူများသည် ရာထူးမှ ရပ်ဆိုင်းခြင်း (သို့) အပြစ်ဒဏ်ပေးခြင်းနှင့် ရင်ဆိုင်ရမည်ဟု နိုင်ငံပိုင် သတင်းစာက ဆိုသည်။

ယခင်က ကျင့်သုံးခဲ့သော အပြင်းဆုံး ဒဏ်ပေးမှုမှာ "အထောက်အထား ခိုင်လုံသော အပြစ်တင်မှု" သာ ဖြစ်သည်။

ယခု ဥပဒေသစ်နှင့် အကျုံးဝင်သည့် သူများမှာ အလယ်အလတ် အရာရှိများမှသည် ကွန်မြူနစ် ပါတီ ထိပ်ပိုင်းအဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံပိုင် ကုမ္ပဏီများမှ အမှုဆောင် အရာရှိများ ဖြစ်ကြသည်။

အထက်ပါ စီမံချက်ကို အစိုးရက လူသိရှင်ကြား ဆောင်ရွက်နေသော်လည်း တာဝန်ရှိသူများ အကြား လာဘ်စားမှုများမှာ ကျယ်ပြန့်နေဆဲ ဖြစ်သည်ဟု ဘေဂျင်းမှ BBC သတင်းထောက် Damian Gramaticas က ပြောကြားသည်။

လာဘ်စားမှု အမျိုးမျိုး အပေါ် ပြည်သူလူထု၏ ဒေါသထွက်မှုသည် ကွန်မြူနစ် ပါတီ အတွက် ထောက်ခံမှု ကျဆင်းစေသည်ဟု အလွန်အမင်း စိုးရိမ်နေသော တရုတ် ခေါင်းဆောင်များအား ဆိုးဝါးလာသော လာဘ်စားမှုများက ပူပန်သောက ရောက်စေသည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment