Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံ အစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် ကုလသမဂ္ဂ စီနီယာ အရာရှိတစ်ဦး စင်ကာပူသို့ ရောက်ရှိလာကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်သည်။

အဆိုပါ စီနီယာ အရာရှိမှာ Vijay Nambiar ဖြစ်ပြီး ၎င်းသည် ကုလသမဂ္ဂ၏ Chef de Cabinet အဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ ယခု စင်ကာပူ ခရီးစဉ်ကို အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် လာရောက်ခြင်း ဖြစ်သည်။

မစ္စတာ Vijay Nambiar သည်  နယူးဒေလီမြို့တွင် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး Nirupama Rao၊ အမျိုးသား လုံခြုံရေး အကြံပေး Shiv Shankar Menon အပါအဝင် အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

မစ္စတာ Vijay Nambiar သည် လာမည့် သောကြာနေ့တွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ဘေဂျင်းအစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးဦးမည်ဟု ဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာနိုင်ငံတွင် လွတ်လပ် မျှတပြီး ပွင့်လင်းမြင်သာမှု ရှိကာ ယုံကြည် စိတ်ချရသော ဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပရန် ယခု နှစ်ဆန်းပိုင်းတွင် စစ်အစိုးရကို တိုက်တွန်းခဲ့သည်။ ထိုသို့ ရွေးကောက်ပွဲ ကျင်းပရာတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသော နိုင်ငံရေး အကျဉ်းသားများ၊ တိုင်းရင်းသား လူမျိုးစုများ အားလုံး ပါဝင်နိုင်ရန်လည်း ဘန်ကီမွန်းက တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက အစီအစဉ် ရေးဆွဲကာကျင်းပပေးမည့်ရွေးကောက်ပွဲများသည် နှစ်ပေါင်း ၂၀ တာ ကာလအတွင်း ပထမဆုံး ဖြစ်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများဆီသို့ ဦးတည်နိုင်မည်ဟု ယူဆရသည်။

မီဒီယာ သတင်း ပေးပို့ချက်များနှင့် အစိုးရက ထုတ်ပြန်သော ဥပဒေများအရ နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လိုပါက ဖမ်းဆီး အကျဉ်းချခံထားရသော နိုင်ငံရေး အကျဉ်းသားများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည် ဖြစ်သည်။

UN News Center မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment