Transparency Myanmar

transparency.myanmar@gmail.com

From The Straits Times, 7th December 2010

အမေရိကန်မှ ငွေကြေး ထောက်ပံ့ထားသော Radio Free Asia (RFA) သည် အပတ်စဉ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေးအဖြေကဏ္ဍ အစီအစဉ်ကို လွှင့်ထုတ်တော့မည် ဖြစ်သည်။

မြန်မာဘာသာဖြင့် လွှင့်ထုတ်မည့် အဆိုပါ အစီအစဉ်၏ ပထမဆုံးအဖြစ် နိုဝင်ဘာလ ၃၀ ရက်တွင် စတင်မည် ဖြစ်သည်။ နားဆင်သူများ အနေဖြင့် ရှားရှားပါးပါး ဒေါ်အောင်ဆန်းစုကြည်နှင့် မေးမြန်းခွင့်ရမည် ဖြစ်ပြီး၊ ပထမဆုံး အစီအစဉ်တွင် နားဆင်သူများ၏ မေးခွန်း ခြောက်ခု မေးမြန်းမည် ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများဟု အမည်ပေးထားသော အစီအစဉ်တွင် RFA နားဆင်သူများကို မည်သည့် အကြောင်းအရာမဆို မေးခွန်းများ မေးကြရန် ဖိတ်ခေါ်ပါတယ်။ အဆိုပါ မေးခွန်းတွေကို နိုဘယ်ဆုရှင် အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားပေးမှာ ဖြစ်ပါတယ်" ဟု ကြေညာချက်တွင် RFA က ပြောကြားခဲ့သည်။

"ဆယ်စုနှစ် နှစ်ခုခန့် နေအိမ်အကျယ်ချုပ် ကျခံထားရသော်လည်း ဒေါ်အောင်ဆန်းစုကြည် သည် အများအတွက် မျှော်လင့်ချက်များအတွက် လမ်းပြကြယ် ဖြစ်လျက် ရှိနေပါသေးတယ်။ ကမ္ဘာကြီးအတွက်လည်း အားဖြစ်စေပါတယ်" ဟု RFA ဥက္ကဌ Libby Liu က ကြေညာချက်တွင် ပြောကြားထားသည်။

"သူမ၏ တိုင်းပြည်တွင် အများ၏ ချစ်ခင်လေးစားမှုကို နက်နက်ရှိုင်းရှိုင်း ရရှိထားသော်လည်း သူမ၏ အသံမှာ တိတ်သွားခဲ့ပါသည်။ ယခု RFA အစီအစဉ်တွင် ပြည်သူများသည် သူမနှင့် လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရမည် ဖြစ်သည်" ဟု ဆိုသည်။

RFA အစီအစဉ်များကို မြန်မာနိုင်ငံတွင် ဖမ်းယူ နားဆင်နိုင်သေးသည် ဖြစ်ရာ၊ မေးမြန်းလိုသော မေးခွန်းများကို email ဖြင့် RFA သို့ ပေးပို့ရမည် ဖြစ်ပြီး၊ သောကြာနေ့ ညနေတွင် ပြန်လည် လွှင့်ထုတ်ပေးမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment