Transparency Myanmar

transparency.myanmar@gmail.com

From DVB News, By Naw Noreen, 7th Dec 2010

      မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းသည် ယမန်နေ့က နယ်စပ်မြို့ဖြစ်သော တာချီလိတ်သို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည်။ စောင့်ကြည့်လေ့လာသူများက မြန်မာနိုင်ငံတောင်ပိုင်း အဓိက နယ်စပ်အား ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းရန် ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။

      တနင်္လာနေ့နံနက်က တာချီလိတ်ရှိ Regina ဟော်တယ်တွင် သုံးနာရီကြာ ပြုလုပ်သော အစည်းအဝေး မဲဆောက်ရှိ ချစ်ကြည်ရေးတံတားပိတ်ထားသော ကိစ္စကို အဓိကထားဆွေးနွေးမည် ဖြစ်သော်လည်း နှစ်နိုင်ငံကြား အဓိကကုန်သွယ်ရေးကိစ္စများလည်း ပါဝင်လိမ့်မည် ဖြစ်သည်။

      ဦးဥာဏ်ဝင်းနှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးတင်နိုင်သိန်း၊ ယာယီနယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကြည်သိန်းတို့ အပါအဝင် လူနှစ်ဆယ် ပါဝင်သည်ဟု သတင်းပေးပို့ချက်အရ သိရှိရသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya နှင့်အတူ ဆယ့်ငါးဦး ပါဝင်သော ကိုယ်စာလှယ်အဖွဲ့ပါဝင်သည်။

      ထိုင်း  Channel 3 မှ သတင်းစာဆရာများသည် ချင်းရိုင်ရှိ လေဆိပ်အထိ ထိုင်းကိုယ်စားလှယ် အဖွဲ့နှင့် လိုက်ပါ၍ မေးမြန်းရာ Kasit က မေးခွန်းများကို ဖြေကြားရန် ငြင်းဆန်ခဲ့သည်ဟု သတင်းများ ကဆိုသည်။

      မြန်မာအာဏာပိုင်များက ပြီးခဲ့သည် ဇူလိုင်လက မဲဆောက်တံတားအား ပိတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံက စိတ်ဆိုးခဲ့သည်။ ထိုသို့ ပိတ်ထားရခြင်းအတွက် မြန်မာနိုင်ငံမှ တရားဝင် ရှင်းလင်းချက်များ အရ နယ်စပ်မြို့ မြဝတီတွင် ကမ္ဘာလှည့်ခရီးသွားများ၏ လုံခြုံရေးအတွက် စိုးရိမ်ရ သောကြောင့်ဟု ဆိုသည်။ သို့သော် အမှန်တကယ် ပိတ်ရသည့် အကြောင်းဟု ယူဆရသည်မှာ သံလွင်မြစ်နံရံကို ထိန်းရန် မြေထိန်းနံရံဆောက်လုပ်ခဲ့ခြင်းကြောင့်ဟု ယူဆရသည်။(သံလွင်မြစ် မဟုတ်ပါ။ သောင်ရင်းမြစ်သာ ဖြစ်ပါသည်။ အယ်ဒီတာ)

      ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးမှာ စီးပွားရေး  တိုးတက်မှုအတွက် အရေးပါပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၄.၃) ဘီလီယံခန့်လည်ပတ်နေသည်။ TTR Weekly ၏ အဆိုအရ၊ မဲဆောက် ဂိတ်ပိတ်ထားစဉ်အတွင်း ထိုင်းနိုင်ငံသည် တစ်ရက်လျှင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၂.၇)သန်း နစ်နာသည်ဟု သိရှိရသည်။

      ဘန်ကောက်သည် မဲဆောက်-မြဝတီဒေသတွင် အမေရိကန်ဒေါ်လာ (၃၈.၆) သန်းတန် အထူးစီးပွားရေး ဇုန်ထူထောင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း ယခုနယ်စပ်အငြင်းပွားမှုသည် အဆိုပါကိစ္စ အပေါ်သက်ရောက်မှုရှိမရှိ မသဲကွဲသေးပေ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment