Transparency Myanmar

transparency.myanmar@gmail.com

The Striats Times, 8th Dec 2010

      ဥရောပ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်သို့ အင်္ဂါနေ့က ပေးပို့သော ဗီဒီယို သတင်းလွှာတွင် အရပ်ဖက်လူ့အဖွဲ့အစည်း သန်မာတောင့်တင်းစေမည့် ပြည်ပကူညီမှု မူဝါဒများ ချမှတ်ရန် တောင်းဆိုခဲ့သည်။

      ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ခေါင်းဆောင်များ စုဝေးကြသည့် ၂ရက်ကြာ ဥရောပ ဖွံ့ဖြိုးရေးဖိုရမ် မိတ်ဖွဲ့အခမ်းအနားတွင်၊ အနှစ် ၂၀နီးပါး အကျယ်ချုပ်မှ ပြီးခဲ့သောလက လွတ်မြောက်လာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မေတ္တာရပ်ခံချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

      အကယ်၍ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများသည် စီးပွားရေး တိုးတက်မှုကို ဖြစ်စေသည့်အတိုင်း အရပ်ဖက် လူ့အဖွဲ့အစည်း သန်မာတောင့်တင်းရေးကို ခိုင်မာစွာ ချိတ်ဆက်ထားနိုင်မည်ဆိုပါက ကောင်းမွန်သော အုပ်ချုပ်မှုစနစ်သို့ ဦးတည်သည့် ခိုင်မာသော လှုံ့ဆော်မှုကို ဖန်တီးနိုင်လိမ့်မည်ဟု သူမက ဆိုသည်။

      "အရပ်ဖက် လူ့အဖွဲ့အစည်းမှာ ငွေကြေးဆိုင်ရာနဲ့ ဥာဏ်ရည်ဥာဏ်သွေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေဟာ စီးပွားရေး ဘဏ္ဍာမှာသာမကပဲ နိုင်ငံရေးနယ်ပယ်မှာပါ တာဝန်သိမှုနှင့် ပွင့်လင်းမြင်သာမှု အပါအဝင် အလွန်ကောင်းတဲ့ တုန့်ပြန်မှုတွေ ရရှိမှာပါ" ဟုသူမက ပြောကြားသည်။

      ဥရောပ ဖွံ့ဖြိုးရေး ကော်မရှင်နာ မင်းကြီး Andris Pielbags က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာတွင် အကျော်ကြားဆုံး အမျိုးသမီး(သို့) အရဲရင့်ဆုံးများထဲမှ တစ်ဦးအဖြစ် မိတ်ဆက်ပေးခဲ့သည်။

      ဗီဒီယို သတင်းလွှာတွင် အဖြူရောင်နံရံ ရှေ့၌ ရပ်နေသော ဒေါ်အောင်ဆန်းစုကြည်က "မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ထူထောင်ဖို့ ကြိုးစားနေသူတွေ ဖြစ်တဲ့ ကျွန်မတို့မှာ အလှမ်းဝေးတဲ့ ကောင်းကင်ဘုံလို လက်တွေ့မကျတဲ့ အမြင်တွေ မရှိပါဘူး" ဟုပြောကြားခဲ့သည်။

      "ကျွန်မတို့ဟာ ပြည်သူတွေ လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့်ရှိမယ်၊ သူတို့ရဲ့ ကောင်းကျိုးကို တာဝန်ယူတဲ့ လူ့အဖွဲ့အစည်းကိ ဖန်တီးဖို့ ကြိုးစားနေကြတာပါ" ဟု သူမကပြောဆိုသည်။

      အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်သည် နိုဝင်ဘာ ၁၃ရက် လွတ်မြောက် မလာမှီအထိ လွန်ခဲ့သည့် ၂၁နှစ်ကာလတွင် ၁၅နှစ်ခန့် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment