Transparency Myanmar

transparency.myanmar@gmail.com

From The Straits Times, 8th Dec 2010

      အမေရိကန် ဥပဒေပြု အမတ်က အင်္ဂါနေ့က ပြောကြားရာတွင် ၎င်းသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခဲ့ပြီးဖြစ်ကြောင်း၊ သူမ၏ လုံခြုံရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လုံ့လစိုက်ကြရန် တိုက်တွန်းခဲ့သည်။

      "ဒီမနက်ပဲ ကျွန်တော်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောရပါတယ်" ဟု ဒီမိုကရက်တစ်ကိုယ်စားလှယ် Joseph Crowley ကပြောပါသည်။ ၎င်းက ဆွေးနွေးမှုမှာ မြန်မာပြည်သူများကြုံတွေ့နေရသော ရုန်းကန်ရမှုများ အတွက်နှိုးဆော်မှုတစ်ခု ဖြစ်ကြောင်း ပြောသည်။

      Crowley သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သော နိုဝင်ဘာ (၁၃)ရက်ကလည်း ဆက်သွယ်ခဲ့သည်။  သူမလွတ်မြောက်မှုမှာ လမ်းကြောင်းမှန်အတွက် ခြေလှမ်းတစ်ရပ် ဖြစ်ပြီး၊ စစ်ခေါင်းဆောင်များအား ကျန်ရှိသော မြန်မာနိုင်ငံ၏ တရားဝင် ခေါင်းဆောင် (Burma's Legitimate Leaders) များအား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

      "ကမ္ဘာ့အသိုင်းအဝိုင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို မျက်ခြေမပြတ် လုံ့လပြုကြရပါမယ်။ ၂၀၀၂ ခုနှစ် သူမကို လွှတ်ပေးလိုက်ပြီးတဲ့နောက်၊ လုပ်ကြံခံရဖို့ သီသီလေး လွတ်လာခဲ့ပြီး စစ်အစိုးရဟာ သူမကို ပြန်ဖမ်းခဲ့ပါတယ်" ဟု Crowley ကသူ၏ သတင်းထုတ်ပြန်ချက် တွင် ပြောခဲ့သည်။

      "သူမရဲ့ လွတ်မြောက်ရေးဟာ ဆက်ရှိနေရပါမယ်။ ဘာလို့လဲဆိုတော့ ဒါဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် စစ်မှန်တဲ့ခြေလှမ်းတစ်ခု ဖြစ်လို့ပါပဲ" ဟု Crowley ကပြောသည်။ ၎င်းသည် သူမအား အမေရိကန် ကွန်ဂရက်၏ ရွှေတံဆိပ်ဆု ပေးရခြင်းအကြောင်း စာများ ရေးသားခဲ့သူဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment