Transparency Myanmar

transparency.myanmar@gmail.com

စစ်ဘက်အုပ်ချုပ်ရေးအလွန် အရပ်ဘက်အုပ်ချုပ်ရေးပြောင်းလဲခြင်း(၃)
စစ်အေးကာလအတွင်းတွင်မူ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၏
အရေးပါမှုကိုအမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက် ပြည်ထောင်စုတို့တွင်
တွေ့ခဲ့ရပြီးဖြစ်သည်။ သို့ရာတွင် စစ်အေးကာပြီးသွားသောအခါ
လက်နက်ကိုင်တပ်ဖွဲ့များ၏ လုပ်ငန်းမှာ ပြီးဆုံးသလောက်ဖြစ်သွားပြီး
၎င်းတို့အတွက် အခန်းကဏ္ဍများကို ရေးဆွဲခဲ့ရသည်။ သမိုင်းအရကြည့်လျှင်
ကမ္ဘာပေါ်ရှိ စစ်တပ်များအနက် စစ်တပ်အတော်များများသည် ကပ်ဘေးဒုက္ခများမှ
ကယ်ဆယ်ခြင်း၊ ပြည်တွင်းလုံခြုံရေး၊ ပုလိပ်လုပ်ငန်း၊
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုသက်သာ ချောင်ချိရေး စသည်တို့
ပါဝင်သော တိုက်ပွဲနှင့် မသက်ဆိုင်သည့် အခန်းကဏ္ဍများမှ တာဝန်များကိုလည်း
ထမ်းဆောင်ခဲ့သည်ကိုတွေ့ရမည်ဖြစ်ရာ ထိုကိစ္စများသည် လက်ရှိအခြေအနေတွင်
ဖြစ်သင့်ဖြစ်ထိုက်သည်ဟုသာ ပြောရပေမည်။ သို့ရာတွင်
အမှန်တကယ်ပြောင်းလဲရန်အတွက် စစ်ဘက်၏အဓိကကျသော ကာကွယ်ရေးသီးသန့်တာဝန်ကို
ထမ်းဆောင်ရ မည်ဖြစ်ပြီး စစ်တပ်၏ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များဖြစ်သည့်
လက်နက်တပ်ဆင်ခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းများအတွက် လုပ်ပိုင်ခွင့်ကို
ပြည့်ဝစွာပေးရမည်ဟုလည်း ပညာရှင်အချို့ကဆိုသည်။
စစ်အေးတိုက်ပွဲပြီးဆုံးခြင်းသည်
နိုင်ငံတကာပဋိပက္ခများပြီးဆုံးခြင်းမဟုတ်ပေ။
အမေရိကန်ပြည်ထောင်စုရော ဆိုဗီယက်ရုရှားတွင်ပါ အရပ်သားအုပ်ချုပ်သူများက
စစ်ဘက်၏ပါဝင်ပတ်သက်မှုများကိုလျော့ချစေ ပြီး စစ်ဘက်တွင်သာအာရုံစူးစိုက်ရန်
ဖိအားပေးနိုင်လာခဲ့သည်။ အပြန်အလှန်အားဖြင့် အရပ်သား အာဏာပိုင်များက
စစ်ဘက်တို့ကသာ ကိုင်တွယ်လာခဲ့သော နယ်ပယ် အဝန်းအဝိုင်းများဆီသို့
စတင်ဝင်ရောက် စွက်ဖက်လာကြ၍ စစ်ဘက်တို့ကလည်း နိုင်ငံရေးဆိုင်ရာ
ဆုံးဖြတ်ချက်များကို စိန်ခေါ်လိုမှုများ တိုးတက်ဖြစ်ပေါ်လာသည်။ စစ်တပ်၏
အခန်းကဏ္ဍသစ်များဖြစ်သည့် ပြည်ပတိုက်ပွဲနှင့် မဆိုင် သော
ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
အကူအညီပေးခြင်း ကိစ္စရပ်များကို ဆောင် ရွက် ရာတွင်
အမေရိကန်ပြည်ထောင်စုကဲ့သို့ ဒီမိုကရေစီရေခံမြေခံကောင်းသောနိုင်ငံ
အနေဖြင့် ပြသနာမရှိခဲ့သော်လည်း စစ်တပ်များကို ဝေဖန်ပိုင်းခြားမှု မရှိသော
ယုံကြည်မှုဖြင့် ဆင်နွှဲသော နိုင်ငံရေးတိုက်ပွဲများ အတွင်းသို့
စစ်ဘက်တို့အား အညံ့ခံခြင်းမရှိစေပဲ ဆွဲသွင်းခဲ့သော ရုရှားနိုင်ငံတွင်မူ
အက်ကြောင်းများ ထင်လာခဲ့သည်။
အချို့နိုင်ငံများတွင် စစ်တပ်များအနေဖြင့် လမ်းခင်းခြင်း၊ ဆည်များ
ဆောက်လုပ်ခြင်း၊ အဆောက်အဦများ တည်ဆောက်ခြင်း စသည်တို့ကဲ့သို့သော
လူထုလုပ်ငန်းများ၊ ကောင်းမွန်သော လူနေမှု အဆင့်အတန်းနှင့်
ပညာရေးနိမ့်ပါးနေသော အုပ်စုများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် တခြားသော
ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ဝေငှ ဖြန့်ဖြူးပေးခြင်းကဲ့သို့သော
ပြည်သူ့လုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှိမ်နှင်းခြင်း အကြမ်းဖက်မှု
နှိမ်နှင်းခြင်း တို့ကဲ့သို့သော ပုလိပ်၊ ရဲနှင့် ပတ်သက်သည့်
လုပ်ဆောင်မှုများနှင့် စစ်ဘက်ဆိုင်ရာနှင့် ပတ်သက်သည်သာမက စားသုံးသူအတွက်
အဓိကထား လုပ်ဆောင်သည့် စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းများ (Both
military-related and consumer-oriented enterprises) အား လည်ပတ်ခြင်း
စသည့်စီးပွားရေး ဘက်ဆိုင်ရာ လှုပ်ရှားမှုများတွငပင် ပါဝင်လာခဲ့သည်။
အရပ်သားအုပ်ချုပ်သူများကလည်း စစ်ဘက်၏ အရေးပါမှုကို အတိုင်းအတာတစ်ခုအထိ
နေရာပေးပြီး နောက်ဆုံးတွင်
စစ်ဘက်ဆိုင်ရာလက်နက်ပစ္စည်းများထုတ်လုပ်သည့်ကဏ္ဍများတွင်
စစ်ဘက်၏ပါဝင်မှုအချိုးအစားလျော့နည်းလာသည်အထိ ဒီမိုကရက်တိုက် ဇေးရှင်း
ဖြစ်စဉ်ကို မြှင့်တင်ရန်ကြိုးစားကြသည်ကိုလည်းတွေ့ရမည်။ သို့ရာတွင် ဤ
အရပ်သားနှင့်စစ်ဘက်၏ ပုံသေသဘောတူညီမှုတစ်ခုကို
သတ်သတ်မှတ်မှတ်ပြဌာန်းရန်မလွယ်ကူဘဲ နိုင်ငံများစွာတွင် စစ်ဘက်အရပ်ဘက်
အပေးအယူမှာ ပုံစံအမျိုးမျိုးကွဲပြားနိုင်သည်။တန်ဖိုးသတ် မှတ်ရန်လည်း
ခက်ခဲနေတတ်သည်။
စစ်ဘက်များအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းဖြစ်ပေါ်တိုးတက်မှုတွင်
မည်မျှအထိတားဆီးနေသည် သို့မဟုတ် စစ်ဘက် မဟုတ်သော
အခြားအုပ်စုများ(ပါတီများ)တွင် စစ်ဘက်၏
ပါဝင်ပတ်သက်မှုများပြားနေခြင်းရှိမရှိဆိုသည့်အချက်က
ဒီမိုကရေစီဖြစ်စဉ်ပြောင်း လဲရာတွင်
အရပ်ဘက်အဖွဲ့အစည်းများသန်စွမ်းတိုးတက်မှုကို နှောင့်နှေးစေပြီး
အကျိုးဆက်အားဖြင့် စစ်တပ်တို့သည် နောင်အခါတွင် လက်လွှတ်ရန်ဆန္ဒ
နည်းပါးသွားသည်အထိ ဖြစ်သွားနိုင်သည်။ စစ်တပ်အနေဖြင့် တိုက်ပွဲမဟုတ်သော
ကိစ္စရပ်များတွင် ပါဝင်ပတ်သက် နေခြင်းများသည် ပါဝင်ပါတ်သက်သူ အားလုံးက
ဤဖြစ်စဉ်သည် သီအိုရီများအရ အသွင်ကူးပြောင်းရေးကာလ (ကြားကာလ) တစ်ရပ်ကို
ဖြတ်သန်းနေရခြင်းဟု ရှင်းလင်းစွာ နားလည်ရပေမည်။
စစ်ဘက်များအနေဖြင့်လည်း မည်သည့်အချိန်တွင် အရပ်ဘက် ထိန်းချုပ်မှု
ပြန်ရောက်မည် ဆိုသည့်အချက်အတွက် အခိုင်အမာ အချိန်ဇယား ရှိရမည်။ အကယ်၍
ထိုကြားကာလ သက်တမ်းကို တိုးချဲ့ လိုပါက အရပ်ဘက် အာဏာပိုင်များ၏
သဘောတူခွင့်ပြုမှု လိုအပ်ချက်ကိုလည်း အခိုင်အမာ ဖေါ်ပြထားရမည် ဖြစ်သည်။
နိုင်ငံတိုင်းလိုလို၏ အခြေခံဥပဒေ၌ပင် သာမန်အခြေအနေတွင် ရှိသည့်
စစ်တပ်ဖွဲ့များ၏ လုပ်ငန်း တာဝန်များ၊ ခြွင်းချက်တို့ကို
ဆောင်ရွက်နိုင်သော အထူး အခြေအနေများအောက်တွင်ရှိသည့် စစ်တပ်ဖွဲ့များ၏
တာဝန်များကို အဓိပ္ပါယ် ဖွင့်ဆိုထားသည့် ဥပဒေပါ ခြွင်းချက်စာပိုဒ်များ
(Provisions) ကို ထည့်သွင်းထားတတ်ပါသည်။ သို့သော် ထိုကဲ့သို့သော
ခွင့်ပြုထားမှုများသည် မူရင်းဖြစ်သင့်ဖြစ်ထိုက်သည့် ရည်ရွယ်လိုရင်းအတိုင်း
ဖြစ်မလာပဲ အရပ်ဘက် အုပ်ချုပ်ရေးကို စစ်တပ်စွက်ဖက်မှု၏ အစဉ်တစိုက်
ခြိမ်းခြောက်မှု (Constant Threat) အောက်တွင်သာ ဆောင်ရွက်ရတော့မည့်
အန္တရာယ်ရှိသော အခြေအနေဆိုးကိုသာ ဖန်တီးဖြစ်ပေါ် စေလေ့ ရှိပါသည်။
နိုင်ငံများစွာတွင်ရှိသော အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ
ခြွင်းချက်စာပိုဒ်များသည် စစ်တပ်ဖွဲ့များ၏ အမျိုးသား အရေးပေါ် အခြေအနေတွင်
သာမန် လုပ်ရိုးလုပ်စဉ် အခြေအနေ တွင်ရှိသော လုပ်ပိုင်ခွင့်ထက် ပိုလွန်သော
လုပ်ပိုင်ခွင့်များကို ကျင့်သုံးရန် ခွင့်ပြုထား တတ်ပါသည်။ သို့သော်
ထိုကဲ့သို့သော ခွင့်ပြုထားမှုများသည် မူရင်းဖြစ်သင့်ဖြစ်ထိုက်သည့်
ရည်ရွယ်လိုရင်းအတိုင်း ဖြစ်မလာပဲ အရပ်ဘက် အုပ်ချုပ်ရေးကို
စစ်တပ်စွက်ဖက်မှု၏ အစဉ်တစိုက် ခြိမ်းခြောက်မှု (Constant Threat)
အောက်တွင်သာ ဆောင်ရွက်ရတော့မည့် အန္တရာယ်ရှိသော အခြေအနေဆိုးကိုသာ
ဖန်တီးဖြစ်ပေါ် စေလေ့ ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment