Transparency Myanmar

transparency.myanmar@gmail.com

(Xinhua သတင်းဌာနမှ 17 February 2011 ရက်စွဲပါ "China, Myanmar Sign New Accord" ကို ဘာသာ ပြန်ဆိုသည်)

တရုတ် နိုင်ငံနှင့် မြန်မာ နိုင်ငံ တို့သည် ကျောက်ဖြူ စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးရုံး၊ ဆက်စပ် ဆိပ်ကမ်းနှင့် ရထားလမ်း ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာကို ဗုဒ္ဓဟူးနေ့တွင် နောက်ဆက်တွဲ ကန်ထရိုက် စာချုပ် လက်မှတ် ရေးထိုး ခဲ့သည်။

တရုတ် နိုင်ငံ CITIC အုပ်စုနှင့် မြန်မာ အစိုးရက အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီးဌာန တို့ အကြား ကန်ထရိုက် စာချုပ် ချုပ်ဆိုမှုကို နေပြည်တော်တွင် လက်မှတ် ရေးထိုးရာ၌ တရုတ် ဒုတိယ ကုန်သွယ်ရေး ဝန်ကြီး ကျောက်ရှန်နှင့် မြန်မာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသူရိန်ဇော် တို့က သက်သေ အဖြစ် လက်မှတ် ရေးထိုး ကြသည်။

ထိုနေ့တွင်ပင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး(၁) ဦးတင်အောင်မြင့်ဦးက နိုင်ငံ တကာ ကုန်သွယ် ညှိနှိုင်းရေး ဆိုင်ရာ တရုတ် ကိုယ်စားလှယ် အဖွဲ့ ဒုတိယ ခေါင်းဆောင် ဖြစ်သူ ကုန်သွယ်ရေး ဒုတိယ ဝန်ကြီး ကျောက်ရှန် ခေါင်းဆောင်သည့် တရုတ် ကိုယ်စားလှယ် အဖွဲ့ကို လက်ခံ တွေ့ဆုံ ခဲ့သည်။

ထိုသို့ တွေ့ဆုံ ရာတွင် အတွင်းရေးမှူး (၁) ဦးတင်အောင်မြင့်ဦးက မြန်မာ - တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး ဖွံ့ဖြိုး တိုးတက်မှု လက်ရှိ အနေအထား အပေါ် အားရ ကျေနပ်ကြောင်း နှင့် အနာဂတ် အလား အလာ ကောင်းများကို မျှော်လင့်ကြောင်း အလေးထား ပြောကြား ခဲ့သည်။

တရုတ် အစိုးရ တရားဝင် ကိန်းဂဏန်းများ အရ တရုတ် - မြန်မာ အကြား နှစ်နိုင်ငံ ကုန်သွယ်ရေး စုစုပေါင်း တန်ဖိုးမှာ ၂၀၁၀ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄.၄၄၄ ဘီလျံသို့ ရောက်ရှိကာ ၅၃.၂ % တိုးတက် လာခဲ့သည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment