Transparency Myanmar

transparency.myanmar@gmail.com

(၁၈ ဖေဖော်ဝါရီ ၂၀၁၁ ရက်စွဲပါ The Nation မှ Nalin Viboonchart ရေးသား Japan wants to join with Thailand in Dawei Project ကို ဘာသာ ပြန်သည်)

          "ထားဝယ် ပရောဂျက်မှာ ဂျပန်တွေ ဘယ်လို ပါဝင်နိုင်မလဲ ဆိုတာကို ကျွန်တော်တို့ စဉ်းစား နေပါတယ်။ ငွေတိုက် စာချုပ် ဈေးကွက်တစ်ခု တည်ထောင်ပြီး ဒီဒေသမှာ ငွေတွေ စီးဝင် လာဖို့ ကျွန်တော်တို့ အနေနဲ့ လုပ်ပေးမှာပါ" ဟု ဂျပန် စီးပွားရေး ဖက်ဒရေးရှင်း တစ်ခု ဖြစ်သော Nippon Keidanren ဥက္ကဋ္ဌ Hiromasa Yonekura က ပြောကြားခဲ့သည်။       

  ဂျပန် နိုင်ငံသည် ဆိပ်ကမ်း၊ လမ်း၊ အခြေခံ အဆောက်အအုံများနှင့် သံမဏိ ပရောဂျက်များကို မဲခေါင် တဆင့်ခံ ဒေသများ တွင် ပိုမို မြှင့်တင်ပေးရေး မူဝါဒ၏ အစိတ်အပိုင်း အဖြစ် များစွာ စိတ်ဝင်စားသော နိုင်ငံ တစ်ခု ဖြစ်သည်။ ဂျပန် အနေဖြင့် ထိုင်းကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကြိုးစားမည် ဖြစ်ကြောင်း၊ တိုင်းပြည် နှစ်ခုမှာ သမိုင်းကြောင်းရှည်ကြီး အတူတကွ ရှိကြောင်း Yonekura က ပြောသည်။

          ထားဝယ် စီမံကိန်းသည် ဒေသတွင်း ကြီးမားလှသော ပရောဂျက် ဖြစ်သည်။ ဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်ခြင်း အပြင်၊ ဂျပန်နိုင်ငံသည် ပရောဂျက်ကို ငွေကြေး အထောက်အပံ့များ ပေးလိုသည်ဟု ဆိုသည်။ Japan Bank of International Cooperation သည်လည်း ပါဝင်နိုင်မည်ဟု ၎င်းက ပြောသည်။

          Sumitomo Chemical ၏ ဥက္ကဋ္ဌလည်း ဖြစ်သူ Yonekura က ပြောကြားရာတွင် ဂျပန် အနေဖြင့် ပရောဂျက်တွင် ပါဝင်ရေး အတွက် မြန်မာ အစိုးရနှင့် မဆွေးနွေး ရသေးကြောင်း ဆိုသည်။

          Keidanren သည် ထိုင်းနိုင်ငံသို့ ရက်အနည်းငယ်ခန့် လာရောက်ခဲ့ပြီး ဝန်ကြီးချုပ် အဘီဆစ်၊ ဘဏ္ဍာရေး ဝန်ကြီး Korn Chatikavanij နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Porntiva Nakasai တို့နှင့် တွေ့ဆုံခဲ့သည်။

          ဗုဒ္ဓဟူးနေ့က Keidanren သည် ကူးသန်း ရောင်းဝယ်ရေး၊ စက်မှုနှင့် ဘဏ်လုပ်ငန်းများ ပူးတွဲ ကော်မတီနှင့် "စီးပွားရေး ပါတနာရှစ် နက်ရှိုင်းရေး၊ ဒေသတွင်း ဆက်သွယ်မှုများ ဆီသို့" အကြောင်း ကို ဆွေးနွေးခဲ့ကြသည်။

          ထိုင်းစက်မှု လုပ်ငန်း ဖက်ဒရေးရှင်း ဒုဥက္ကဋ္ဌ Visit Limprana က ပြောကြားရာတွင် ထိုင်းနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံ များ၏ အခြေခံ အဆောက်အဦး ပရောဂျက်များတွင် ရင်းနှီး မြုပ်နှံရာ၌ ဂျပန် ပါဝင်နိုင်ရေး လိုလားကြောင်း ပြောကြားခဲ့သည်။ ဥပမာအားဖြင့် လမ်းဖောက်လုပ်ရေးတွင် နှစ်နိုင်ငံ ပါဝင်ခဲ့ပါက ဒေသတွင်း နိုင်ငံများသို့ သင်္ဘော တင်ရာတွင် ကုန်ကျငွေ လျှော့ချနိုင်မည် ဖြစ်ကြောင်း ဆိုသည်။

          "နိုင်ငံ တော်တော် များများဟာ အခု အာရှမှာ ရင်းနှီး မြုပ်နှံမှု အခွင့် အလမ်းတွေ ရှာနေကြပါပြီ။ ကျွန်တော်တို့ အနေနဲ့ မဲခေါင်/ အာဆီယံ ဆက်သွယ်မှုမှာ တက်ကြွစွာ ပါဝင်ဖို့ ဂျပန်ကို အားပေး လိုပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment