Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာမှ ၁၇ ဖေဖော်ဝါရီ ၂၀၁၁ ရက်စွဲပါ "Around 365 dead in Egypt protest: health ministry"သတင်းကို ဘာသာ ပြန်ဆိုသည်)

          အာဏာရှင် မူဘာရတ် နုတ်ထွက် သွားစေခဲ့သည် အီဂျစ်နိုင်ငံ တစ်ဝှမ်းမှ ဆန္ဒပြပွဲများ အတွင်း ဆန္ဒပြသူ ၃၆၅ ဦးခန့်သေဆုံး ကာ ၅၅၀၀ ခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြသည်ဟု ကျန်းမာရေး ဝန်ကြီး ဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

          "အီဂျစ်မှာ ဖြစ်ပွားခဲ့တဲ့ အခင်း ဖြစ်ရပ်တွေမှာ စုစုပေါင်း သေဆုံးသူ ၃၆၅ ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ် ရာရရှိလို့ ဆေးကုသမှု ခံယူရသူ ၅၅၀၀ လောက် ရှိပါတယ်"ဟု ကျန်းမာရေး ဝန်ကြီး ဆာမံဖာရစ်က ထုတ်ပြန် ကြေညာခြင်းကို နိုင်ငံပိုင် Mena သတင်း ဌာန က ဖော်ပြခဲ့သည်။

          ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့်  မြောက်များစွာသော ဆေးရုံများနှင့် ကျန်းမာရေး ဌာနများ ထံမှ အစီရင်ခံမှုများကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟု ဝန်ကြီးဖာရစ်က ဆိုသည်။

          ဇန်နဝါရီလ ၂၅ ရက်က စတင်ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများသည် သမ္မတ မူဘာရတ် ချက်ခြင်း နှုတ်ထွက်ပေးရေးနှင့် နိုင်ငံ ရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေးကို တောင်းဆို ခဲ့ကြခြင်း ဖြစ်သည်။

          အဆိုပါ ဆန္ဒပြပွဲများ အတွင်း ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့များကြား ဆိုးဝါးသော ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားခဲ့သလို နောက်ပိုင်းတွင် အသက် ၈၂ နှစ်ရှိ သမ္မတ မူဘာရတ်ကို ထောက်ခံသူများ နှင့်လည်း ပဋိပက္ခ ဖြစ်ပွားခဲသည့် သမ္မတ မူဘာရတ်က ၎င်းနှုတ်ထွက်သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို ဦးတည် လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချ ထားသည့် စစ်ကောင်စီထံ အာဏာ လွှဲပြောင်းပေးခဲ့သည်။

          သို့သော်လည်း ဆန္ဒပြပွဲများ ငြိမ်သက် သွားပြီးနောက်တွင် လူရာပေါင်း များစွာ ပျေက်ဆုံးနေဆဲ ဖြစ်သည်ဟု လူ့အခွင့် အရေးအုပ်စုများက ပြောကြား ထားသည်။

          Arabic Network For Human Rights Information အဖွဲ့ကို ဦးဆောင်သူ ရှေ့နေ့ ဂါမယ်ဘစ်က "လူရာပေါင်း များစွာ ဖမ်းဆီး ခံထားရပါတယ်။ ဒါပေမယ့် အရေအတွက်နဲ့ ပတ်သက်တဲ့ သတင်း အချက်တွေက အခုထိ မပြည်စုံသေးပါဘူး။ ဖမ်းဆီး ခံရသူတွေကို စစ်တပ်က ဆက်လက် ထိန်းသိမ်း ထားပါတယ်" ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment